ထိုအခါမှာ ပုခုံးထက်ခေါင်းလေးလာမှီသော အချွဲလေးကျနော့်ကလေးလေး။

"ဦးကလဲဗျာ သားကဦးကိုဘဲချစ်တာပါ ''

"အင်း......''

"ဦး.....ဘာ...အင်းလဲ.....သားကိုစိတ်မရှည်ဘူးလားပြော''

"မဟုတ်ရပါဘူးဗျာ''

"ဟွင့်......''

"ချစ်တယ်ကလေး''

"ချစ်ဘူး ......''

"ဟားဟား မချစ်ဘူးဆိုပြီးဦးရင်ခွင်ထဲကမထွက်တာဘယ်သူလဲပြော''

"မုန်းစရာကြီးဗျာ......တော်ပြီးဦးရင်ခွင်ထဲမဝင်တော့ဘူး''

နှုတ်ခမ်းကြီးဆူကာ ဟိုဘက်လှည့်သွားပြီးစိတ်ကောက်နေသောကလေး။

"ဦးကစတာကိုကွာ''

ပါးဖောင်းဖောင်စလေးကို အနမ်းပေးလိုက်တော့ နန်းဆန်လှသောမျက်စောင်းကဒိုင်းခနဲ။

"ကလေး........ကလေးလို့......စိတ်မကောက်ပါနဲ့ကွာ.....ဦးက ကလေးကိုချစ်လွန်းလို့အလုပ်တွေတောင်ပစ်ပြီးကလေးနောက်တန်းလိုက်လာတာကို.......ကလေး''

"အခုမှလာပြီးဟွင့်''

ရင်ခွင်ခွင်ထဲဆွဲသွင်းလိုက်ပြီး စိတ်ကောက်နေသောကလေးရဲ့ဆူထွက်နေသော နှုတ်ခမ်းတို့ကို စုပ်ယူပြစ်လိုက်သည်။

"ဦးအချစ်ကိုမယုံတာလားကလေး''

အသက်ရှူမဝတာကြောင့် ပါးပြင်လေးတွေနီရဲနေသောကလေးလေးက မျက်ဝန်းလဲ့လဲ့တို့နဲ့မော့ကြည့်လာပြီး'' သားဦးအချစ်ကို ယုံပါတယ်'' ဆိုပြီးရင်ခွင်ထဲပြန်လည်တိုးဝင်လာလေသည်။

"ဦး ပြီးရင်ကစားကွင်းသွားမယ်နော်''

"ကလေးသဘောပါဗျ'''

Waiterလေးမှစားစရာတွေလာချတော့ တရှူးရှူးတချဲချဲနဲ့စားနေပြန်သည်။ကလေးအကြိုက်တွေကချဉ်ငံစပ်တွေကြည့်ဘဲကို။

ပါးလေးကဖောင်းသွားလိုက် တိုင်းလူပျိုကြီးကျနော့်ရင်တွေဗရမ်းဗတာတွေအခုန်မြန်ရပြန်သည်။

တစ်လုပ်ပြီးတစ်လုပ်စားပြီးတိုင်း ကလေးအပေါ်ချစ်စိတ်တွေကတိုးလာပြန်သည်။ချစ်သူမျက်နှာကြည့်ရင်းဗိုက်ပြည့်လာသောကျနော် အစားသောက်တွေတစ်ခုမှမထိလိုက်ရ။

ကလေးလေးစားလို့ဝမှ ငွေရှင်းလိုက်ပြီးကလေးသွားချင်နေတဲ့ကစားကွင်းသို့ ထွက်လာလိုက်လေသည်။

"ဦး အဲ့ဟာကြီးစီးရအောင်''

"ဦး.......ဒါစီးမယ်နော်''

"ဦး.....အာတာပူစီဝယ်ပေးပါ''

"ဦး.....ရေခဲမုန့်စားချင်တယ်''

"ဦး.....လမ်းမလျှောက်နိုင်တော့ဘူး''

"ဒါဆို ဒီနားမှာထိုင်မလားကလေး''

"အင်း''

ပုခုံးလေးပေါ်မှီလာသောကလေးခေါင်းလေး။

"ဦး......သားကိုဘဲတစ်ဘဝလုံးချစ်သွားရမယ်နော်''

"ဦးက ဒီကလေးလေးကိုအခုဘဝတင်မကဘူးဘဝဆက်တိုင်းချစ်သွားမှာ''

"ဟုတ်.....သားရစ်တိုင်း ဦးနားလည်ပေးရမှာနော်''

"ကလေး......ကိုကဘယ်လောက်အရစ်ခံနိုင်သလဲကလေးသိပါတယ်ကွာ''

"သိတယ်ဦး.....သားကိုမငြိုငြင်ရဘူးနော်''

"ကလေးသာ ဦးကိုငြိုငြင်ပြီးပစ်မသွားပါနဲ့။ဦးက ဒီက.ကလေးလေးကိုချစ်လို့တောင်မဝတာကို''

"ဘယ်တော့မှဦးကိုပစ်မသွားဘူးစိတ်ချဦး။''

"ချစ်တယ်ကလေး''

ကစားကွင်းထဲ လူလစ်တုန်းကလေးနှုတ်ခမ်းလေးကို မွှေးကြူလိုက်သည်။

ကလေးနှုတ်ခမ်းလေးကိုအပေါ်တစ်လှည့်အောက်တစ်လှည့်စုပ်ယူလိုက်သည်။လက်ကလဲ ကလေးရဲ့တင်ပါးလေးကိုစုပ်ကိုင်မိသား။

အနမ်းယာဉ်ကြောလေးကြာရှည်လာသည်နှင့်အမျှ ကလေးကိုယ်လေးတုန်လာလေသည်။ဒီ့ထက်အချိန်ပိုကြာရင် ကစားကွင်းထဲမှာပင် ကလေးကိုတစ်ခုခုလုပ်မိမှာဆိုး၍ မလွှတ်ပေးချင်သော ကလေးနှုတ်ခမ်းလေးကိုလွှတ်ပေးလိုက်ပြီး ကလေးလက်လေးအားကိုင်ထားလိုက်သည်။

ကလေးလက်လေးအတော်ပင်အေးနေသည်။သေချာသည်က ကလေးလေးလဲအဆင့်ကျော်သွားမည်ကိုကြောက်နေမယ်လို့ ထင်မိသည်။

"စိတ်ချပါကလေး ဦးကလေးကိုတရားဝင်လက်မထပ်ရသေးခင်အထိကလေးရဲ့ဖြူစင်မှုကိုဦးမဖျက်ဆီးရက်ပါဘူး''

"ချစ်တယ်ဦး''

ကျနော့်ပါးကိုလှမ်းနမ်းလိုက်ရင်း ရှက်ပြုံးလေးပြုံးနေသော ကျနော်အသည်းကျော်လေး သိချစ်ရပါသည်ကလေးရယ်။

~~~~~~~~~~~~~~~~~
မသိဘူး roချင်တယ် hunတို့လိုroချင်ပါတယ်😭😭😭😭စောင် Faငယ်လေးက တအားတော့roဆန်ဆန်တွေမရေးတတ်လို့ ပေါ့သွားရင်,miyarnaeပါ။ငယ်လေးကို roဆန်ဆန်တွေရေးစေချင်ရင် ဦးလိုလူလေးတစ်ယောက်လောက်ရှာပေးပေါ့။ဟင်းဟင်း😈😈😈

U & Kalay (Complete)Место, где живут истории. Откройте их для себя