"ဦး~~~~''
"ဟင်.......ကလေး.....ဦးဆီလာတယ်''
"ဦး.....သားကိုလေ.....''
"ကလေး.....ကလေးဖိနပ်ရော''
ပေါင်ပေါ်လာတတ်ထိုင်သောကလေးကိုယ်လေးကိုပွေ့ထားရင်း ခြေဆုံးခေါင်းဆုံးကြည့်လိုက်တာ ကလေးခြေဖဝါးနုနုလေးမှာ ဖိနပ်မပါတာကိုသတိထားမိလိုက်သည်။
ရာရာစစငါ့ကလေးရဲ့ခြေဖဝါးကိုမြေမှုန်တွေကပ်တွယ်ရဲတယ်ပေါ့။
companyကိုဖိနပ်ချွတ်လေးနဲ့ရောက်လာသောကလေးလေးကို ဖိနပ်ဝယ်ပေးဖို့ shopping center ကိုထွက်လာလိုက်သည်။
"ဦး သားဒါလေးလိုချင်တယ်''
ဘလင်းဘလင်းထနေသော မျက်ဝန်းတို့နဲ့ P2 game စက်သစ်ကြီးကိုလက်ညိုးလေးထိုးကာပူဆာနေသောကလေးလေး။
"ရောကလေးကြိုက်တာဝယ်လိုက်''
"ဟီး....''
လိုချင်တာရသွားတော့ မျက်လုံးလေးတွေက်ပိတ်သွားတဲ့အထိပြုံးပြနေသောကလေး။
"ကလေး ဒါလေးစီးကြည့်''
Adidas ဂွင်းထိုးဖိနပ် လေးအားကိုင်ကာ ကလေးထိုင်နေသောနေရာသို့သွားလိုက်ပြီး ဒူးတစ်ချောင်းထောက်ကာကလေးခြေထောက်လေးကိုအသာမယူပြီး စီးပေးလိုက်လေသည်။(Author.......အို roဆန်လိုက်တာအာ့လိုဦးလေးတစ်ယောက်လောက်လိုချင်မိ😢😢😅😅)
"ဦးကြိုက်ရင်ဝယ်လိုက်လေ''
သူလိုချင်တာရသွားတော့အဖတ်မလုပ်တော့သောကလေးစုတ်လေး။ကိုင်ပေါက်ချင်စရာလေးကွာ။
"ဒါဆိုဒါလေးစီးခဲ့နော်ကလေး''
"ဟုတ်''
ကောင်တာမှာငွေရှင်းပြီးနောက် ကလေးလေးဗိုက်ဆာနေမည်ဆိုးတာကြောင့် စားသောက်ဆိုင်သို့ဝင်ကာ ကလေးကြိုက်တတ်တာလေးတွေရွေးမှာလိုက်သည်အထိ ကလေးက အသစ်စက်စက်gameစက်ကြီးကိုဘဲ ပြုံးပြီးကြည့်နေလေသည်။
"ကလေး.....''
"ပြောလေဦး......''
"ဦးကို စကားလေးဘာလေးပြောအုံးလေကွာ ဦးကိုမကြည့်ဘဲအဲ့ gameစက်ကြီးဘဲကြည့်နေတာဦးမနာလိုတောင်ဖြစ်လာပြီ''