"ကောင်းပါပြီ ကောင်းပါပြီ
ကိုယ်ပြန်လိုက်ခဲ့ပါ့မယ်"

ရှောင်ကျိ စိတ်တိုင်းကျ ပိုင်းလော့ကျင်းပြန်လိုက်လာပေမယ့် ယင်းက
နေခဲ့တာမို့ ခြေဆယ်လှမ်းလောက်အကွာရောက်မှ
ရှောင်ကျိ နောက်ပြန်လှည့်ကြည့်ပြီး

"ကိုယ်ရံတော် ယင်း
ဘာလုပ်နေတာလဲ"

ရှောင်ကျိ အမေးကြောင့် ယင်းစွံအစွာဖြေရခက်သွားရသည်

"ဟို အဲဒါက...ဟို"

"ဘာလုပ်နေတာလဲ မလာပဲနဲ့"

ရှောင်ကျိ စကားကြောင့် ယင်း ကူကယ်ရာမဲ့စွာ
ပိုင်းလော့ကျင်းကို လှမ်းကြည့်မိပေမယ့်
ပိုင်းလော့ကျင်းက လိုက်ခဲ့ဖို့သာ အချက်ပြတာမို့
ရှောင်ကျိတို့နဲ့အတူလိုက်သွားရတော့သည်
.
.
.
.
.
.
.
.
.
...........................................................

ယီတစ်ယောင် အဆောင်ထဲမဝင်နိုင်သေးဘဲ
အဆောင်နဲ့မလှမ်းမကမ်းမှာ စဉ်းစားခန်းထုတ်နေရသည်

အမှန်တိုင်းဝန်ခံရလျှင် သူတကယ်ကြီးအောက်မှာနေရတာကိုမကြိုက်တာပါ
သို့ပေသည့်တိုင် ငြင်းဆန်လို့မရခဲ့လို့သာ
ငြိမ်နေခဲ့ရသည်
လော့ကျင်းပေးသည့်အကြံကို သုံးချင်ပေမယ့်
မဝံမရဲစွာ ကြောက်နေမိသည်

ဟိုလျောက်ဒီလျောက်နဲ့ အချိန်တွေဘယ်လောက်တောင်ကုန်ဆုံးသွားလဲမသိတော့
ညနေစောင်းကိုပင်ကျော်လာခဲ့သည်

ယီ မျက်လုံးစုံမှိတ်ပြီး လော့ကျင်းပေးလိုက်သည့်
နုတ်ခမ်းဆိုးဆေးဗူးလေးကို ဝတ်ရုံလက်ထဲကထုတ်ယူလိုက်သည်
အဖြူရောင်ကြွေထည် ဝိုင်းဝိုင်းပြားပြားလေးက
အသစ်မို့လားမသိ တောက်ပြောင်နေသည်
ထိုအခြင်းရာကတောင် ယီကိုလှောင်နေသည်ဟု
ယီခံစားနေရသည်

ယီ စိတ်ဆုံးဖြတ်လိုက်သည်
သူတစ်သက်လုံး အောက်မှာတော့မနေလိုပါ
ပြီးတော့ ရွဲ့ဂိုဏ်းချုပ်ကိုလည်း အမြင်ကပ်သည်
နေ့တိုင်းနေ့တိုင်း သူ့အသွေးသားတွေကိုစိတ်ကြိုက်စားသုံးနေတာ
သည်းခံဖို့အတော်ကို ခဲယဉ်းသည်လေ

ယီ ဗူးကိုဖွင့်ပြီး ဆေးဆီကို လက်ခလယ်နဲ့အသာထိကာ
လက်မနဲ့ပွတ်ခြေပြီး နုတ်ခမ်းတို့ခပ်ဖွဖွတို့ထိလိုက်သည်
နုတ်ခမ်းဆိုးခြင်းပြီးသည်နှင့် ဆေးဗူးကို ဝတ်ရုံလက်ထဲပြန်ထည့်လိုက်ကာ ကိုယ့်နုတ်ခမ်းကိုမလုံလဲစွာ ထိကြည့်နေမိသည်

ရွဲ့ယီ /ရှဲ့ယီ(Completed 🚨🚨)Where stories live. Discover now