part 27(zawgyi +uni)

Start from the beginning
                                    

"ကျွီ.......WTF!!”

ငါတကယ်ကြီး နမ်းခဲ့တာလား သူ့ကို။ ကျစ်!! ပြသာနာပဲ ငါ ဘာစောက်ရူးထပြီး သွားနမ်းတာလဲ ။ ဒီလူပုစိတ်တိုနဲ့တော့......။ ပြောရင်းဆိုရင်း ငါ့ခေါင်းတွေ ကျိမ်းလိုက်တာ။ မတော်တဆများတွေ့ခဲ့ရင် ငါဘယ်လိုမျက်နှာပြရမလဲ။ သေချာပေါက် ငါ့ကိုထိုးမှာ။ တွေးရင်း ပါးတွေတောင် ယားလာသလိုပဲ ။ အလင်းရေ....မင်းတော့.......သူနဲ့ မတွေ့အောင် ပြေးရမှာပဲ။

....................  

အလင်းကျောင်းထဲရောက်တော့ ခေတ်နွေကို ဖုန်းခေါ်သည်။ ဖုန်းကမကိုင် ဒီအချိန်ဆို အတန်းဆင်းနေပြီပဲကို ။ ၅ခါလောက်ဖုန်းခေါ်သော်လည်း မကိုင်ပေ။ ဒါကြောင့် ခေတ်နွေကို ရှာရန် ကန်တင်းဘက်သို့ ဦးတည်လိုက်သည်။

ကန်တင်းရောက်တော့ ရှေ့၌ လူများရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ သေချာကြည့်တော့ ရန်ဖြစ်နေကြတာပင်။ထို့နောက် ထိုလူအုပ်ထဲမှာ ခေတ်နွေ အသံစူးစူးက ထွက်လာသောအခါ အလင်းမျက်လုံးများ ပြူးကျယ်သွား၍ ထိုရန်ပွဲထဲ ပြေးဝင်သွားတော့သည်။

ကြည့်လိုက်တော့ လူနှစ်ယောက်နဲ့ ခေတ်နွေ ရန်ဖြစ်နေတာပင်။ ခေတ်နွေသည် ထိုကောင်အား င်္အကျီလည်ပင်းစကိုဆွဲ၍ ထိုးနေသည်မှာ မရပ်။ ဘယ်သူဆွဲဆွဲ မရ။ တစ်ဘက်ကောင်မှပါလာသော တစ်ကောင်သည် ခေတ်နွေအား ကန်လိုက်မှ လွတ်ထွက်သွားသည်။ အလင်းသည် ခေတ်နွေ အကန်ခံလိုက်ရသည်ကိုမြင်သော်....ထိုတစ်ယောက်အား ဝင်ထိုးတော့သည်။ လူတွေကလည်း အသဲသန်ဝင်ဆွဲရတော့သည်။

"ဟျောင့် စောက်ခြောက် မင်းနောက်တစ်ခါ ငါနဲ့မတွေ့စေနဲ့ ”

"ခွေးမသား မင်းသေတော့မယ်”

တစ်ဖက်စီချုပ်ထားရင်းနဲ့မှ ထိုလူသည် ခေတ်နွေအား ရန်လှမ်းထောင်သောကြောင့် ခေတ်နွေမှာ ချုပ်ခံထားရရင်းမှ ထိုလူအား လှမ်းကန်လေသည်။

.............

"ကဲ ပြောစမ်းပါအုံး ဘယ်လိုဖြစ်ကြတာလဲ ”

မော်ကွန်းထိန်းက မေးနေသည်ကို တစ်ယောက်မှ မဖြေကြ အသံတိတ်နေကြသည်။

"ငါမေးနေတယ်လေ ရှိန်းခေတ်နွေ နင်က အရင်စထိုးတာဆို နင်အရင်ပြော ”

Sugar Daddy (Completed)Where stories live. Discover now