part-19📎📎📎

Start bij het begin
                                    

📎📎📎

~ ကဲ...အားလုံး လူစုံပီလား.?? ~

ကျောင်း​ရှေ့တွင်​သာလူစုရ​သော​ကြောင့်​ဆရာမက​မေး​နေခြင်းပင်​။

~ ဟုတ်​ ~

~ အို​ကေ^အဲ့တာဆိုကား​တွေ​ပေါ်တက်​​တော့​နော်​ မတိုးနဲ့ မနက်​ခင်းကဆရာမ​ဝေထားတဲ့စာရွက်​ထဲကနံပါတ်​​ရေးထားတဲ့ခုံမှာဝင်​ထိုင်​လိုက်​^​ ခုံ​နံပါတ်​​တွေ​သေချာကြည့်​ကြ​နော်​... ~

~ သွားပါပီ ~

ဆရာမရဲ့စကားအဆုံးလူတိုင်းလိုလိုရဲ့ပါးစပ်​ဖျားကထွက်​လာတဲ့​ရေရွတ်​သံ!!

~ ဝမ်​ရီ​ပေါ် နဲ့မထိုင်​ရရင်​ဒုက္ခပဲ ~

ရှောင်းကျန့်​ကိုယ်​တိုင်​လဲညည်းညူ မိသည်​။
ဝမ်​ရီ​ပေါ်ကမူစကားသံထွက်​မလာ​သော်​လည်းမျက်​နှာထက်​တွင်​​ကျေနပ်​ဟန်​ပင်​မရှိ။
အရှည်​လိုက်​တန်းစီရပ်​ထား​သောကားသုံးစီး။

~ C-8 ~

သူ့လက်​ထဲရှိကဒ်​နံပါတ်​အား​ရှောင်းကျန့်​ခပ်​တိုးတိုးဖတ်​လိုက်​သည်​။
*C ဆို​တော့​နောက်​ဆုံးကားပဲ ဝမ်​ရီ​ပေါ်​ရော^ဘယ်​​ရောက်​​နေလဲမသိ.?? *
ကျောင်းသား၊သူများပြုံတိုး​နေ​သော​ကြောင့်​​ရှောင်းကျန့်သူ့သူငယ်​ချင်းများအားတစ်​​ယောက်​မှပင်​ရှာမ​တွေ့​ချေ။
ခဏ​နေ​တော့လက်​တစ်​ဖက်​​စောင့်​ဆွဲခံရမှုနှင့်​အတူထိုလူဆွဲ​ခေါ်ရာ​နောက်​သို့ပါလာခဲ့​တော့သည်​။

~ ဝမ်​ရီ​ပေါ် ~

ရှေ့မှဝမ်​ရီ​ပေါ်က​တော့​နောက်​ပင်​လှည့်​မကြည့်​၊ဒုတိယကား​ပေါ်သို့​ရှောင်းကျန့်​ကိုဆွဲ​ခေါ်လာ​တော့သည်​။
ကား​ပေါ်​ရောက်​​တော့မှ B-12 ဟူ​သော​နေရာတွင်​​ရှောင်း​ကျန့်​အား​ထိုင်​ခိုင်းလိုက်​သည်​။

~ ဝမ်​ရီ​ပေါ် ငါကဒီကားမဟုတ်​ဘူး အ​နောက်​ဆုံးကား..~

~ ထိုင်​​နေ ငြိမ်​ငြိမ်​​လေး ~

မရယ်​မပြုံး၊ရုပ်​တည်​ကြီးနှင့်​​ပြောလာသည့်​ဝမ်​ရီ​ပေါ်၏စကားအဆုံး​ရှောင်းကျန့်​ပြုံးမိသွားသည်​။
*သူနဲ့အတူထိုင်​​စေချင်​​နေတာပဲ^*
ရှောင်းကျန့်​လည်းအထွန့်​တက်​မ​နေ​တော့ဘဲ​ကျောပိုးအိတ်​ကိုသာရင်​ဘတ်​ထဲတွင်​​ပွေ့ထားလိုက်​သည်​။
*ကားထွက်​ရင်​ဒီ​ကျောပိုးအိတ်​ကငါ့ရဲ့နိဗ္ဗာန်​ဘုံ^*
ခဏကြာ​တော့​ရှောင်းကျန့်​​ဘေးတွင်​​ကောင်​မ​လေးတစ်​​ယောက်​လာရပ်​သည်​မို့​မော့ကြည့်​လိုက်​​တော့...
*ကျင်းအာ*

~ ဒါငါ့​နေရာပါ ​ရှောင်းကျန့်​ ~

~ ငါထိုင်​ခိုင်းထားတာ ​နေရာလဲလိုက်​ ~

ဝမ်​ရီ​ပေါ်၏​အေးစက်​စက်​​ပြောစကားသံ​ကြောင့်​ကျင်းရွှမ်​အာ၏မျက်​နှာမှာမဲလာသည်​။သို့​သော်​အပြုံးတုတစ်​ခုချိတ်​ဆွဲကာ

~ ဒါ​ပေမဲ့ ဆရာမက... ~

~ ​ရော့...C-7ကမင်းသူငယ်​ချင်း... ခရီးသွားတာပဲ သူငယ်​ချင်းနဲ့အတူထိုင်​​လေ ငါတို့နှစ်​​ယောက်​လဲအတူထိုင်​ချင်​လို့ ~

ဝမ်​ရီ​ပေါ်၏တည်​လာ​သောမျက်​နှာအားကြည့်​ကာကျင်းရွှမ်​အာတို့စကားဆက်​မ​ပြော​တော့​ချေ။ဝမ်​ရီ​ပေါ့်လက်​ထဲမှ C-8 ဟူ​သောကဒ်​အားယူကာကား​ပေါ်မှဆင်းသွား​တော့သည်​။
ဒါ​တောင်​ကား​ပေါ်ကမဆင်းခင်​သူမက​ရှောင်းကျန့်​ကိုမျက်​​စောင်းလှမ်းထိုးသွား​သေးသည်​။
*ငါ့crushနဲ့အတူမထိုင်​ရတာနင့်​​ကြောင့်​*ဆိုတဲ့သ​ဘောနဲ့!

Note💙

အကြာကြီး​စောင့်​ခိုင်းခဲ့ရတဲ့အတွက်​တကယ်​​တောင်းပန်​ပါတယ်​​နော်​🙏🙏🙏
ဒီ​နေ့ကစပီးဒီfic​လေးနဲ့My Love is you ကိုတစ်​လှည့်​စီအပ်​​ပေးပါ့​မယ်​😊
Fighting 💪💪💪My lovely readers ❤
<20-9-19>

CHAY《completed》Waar verhalen tot leven komen. Ontdek het nu