part 1

8.7K 324 2
                                    

(Zawgyi)
(ဒါက M-pregnant ​လေးပါ သတိ​ပေးထားတာပါ)

သား​လေးရဲ့လက်​ကိုတင်းတင်းဆွဲကိုင်​ထားပြီး
သူမကြီးကျယ်​ခမ်းနားလှပလွန်းတဲ့အိမ်​ကြီးကိုတ​မေ့တ​မော​ငေးကြည့်​မိလိုက်​သည်​ နန်း​တော်​အလားပင်​ထင်​မှတ်​ရ​အောင်​ပင်​ခမ်းနားလှပလွန်းလို့သူမစိတ်​ထဲနာနာကျင်​ကျင်​​တွေး​တောလိုက်​မိသည်

သြော်​ ချမ်းသာတဲ့သူ​တွေများ​တော့သုံးမကုန်​နိုင်​​အောင်​ပါဘဲလား ဆင်းရဲတဲ့သူမတို့ဘ၀​တော့ကုန်း​ကောက်​စရာမရှိ​အောင်​မွဲ​တေလှသည်
အစက​တော့သူမတို့မိသားစုသည်​မဆင်းရဲရင်​​တောင်​စားနိုင်​​သောက်​နိုင်​သည့်​အ​ခြေအ​နေမှာ​တော့ရှိသည်​​သူမချစ်​​ယောက်​ကျားကtaxi​လေး​မောင်း သူမကအိမ်​တွင်​အ၀တ်​အထည်​​လေးချုပ်
ဒီလိုနှင့်​အဆင်​​​ပြေခဲ့သည်​မုန်​တိုင်းထန်​ခဲ့တဲ့
အချိန်​က​တော့သား​လေး၁၅နှစ်​ပြည့်​​မွေး​နေ့တွင်
သူမတို့မိသားစု​စုမိထားတဲ့ပိုက်​ဆံ​လေးဖြင့်
ပျော်​ပွဲစားထွက်​ခဲ့သည်​ ကံကြမ္မာ ကမလှ​တော့
လမ်းမှာတင်​ကုန်​တင်​ကားတစ်​စီးဖြင့်​တိုက်​မိကာသူမ​ယောက်​ကျားလည်းပွဲချင်းပြီးဆုံး
သူမသား​လေးသည်​ကိုမာဝင်​​နေခဲ့သည်​​ဆေးရုံစရိတ်​ကလည်းအဆမတန်​​အောင်​​မျုား​နေ​တော့
သူမအိမ်​​လေးကိုပါ​ရောင်းခဲ့ရသည်​ သား​လေး​နေပြန်​​ကောင်းပြန်​​တော့လည်း သား​လေးရဲ့အသိစိတ်​ဟာ ၁၀နှစ်​သာသာမျှသာရှိ​တော့သည်
သူမငိုချင်းချချင်​​ပေမဲ့သူမသား​လေးကို​စောင့်​​ရှောက်​ရမယ်​ဆိုတဲ့အသိ​ကြောင့်​သား​လေးရဲ့လက်​ကိုတင်းတင်းဆွဲကာ​ခြေဦးတည့်​ရာလမ်း​လျှောက်​​နေစဉ်​ သူမ​ယောက်​ကျားသူငယ်​ချင်းနဲ့​တွေ့ခဲ့ရာဖြစ်​ပျက်​သမျှ​ကို​ပြောပြ​တော့သူတို့သခင်​ကြီးဆီမှာအလုပ်​လုပ်​ဖို့​ပြောတယ်​ ​နေစရိတ်​စားစရိတ်​အကုန်​အဆင်​​ပြေပြီးကျန်​တဲ့အ​ထွေ​ထွေစာရိတ်​ပါ​ထောက်​ပံ့​ပေး​​ကြောင်း​ပြောပြလာခဲ့သည်
ဒါ​ပေမဲ့ချို့ယွင်းချက်​အ​နေနဲ့​တော့အသက်​ကို
အပြီးအပိုင်​​ပေး​ကြောင်းစာချုပ်​ချုပ်​ဆိုရ​ကြောင်း
တသက်​လုံးထိုအိမ်​​တော်​ကြီးမှာအလုပ်​အ​ကျွေးပြုရမဲ့​ကြောင်း​ပြောပြလာခဲ့သည်

Story of a flower✿(Rated_M)[SeBeak](zawgyi+unicode)(Completed)Where stories live. Discover now