//Zaw//
''ဖေရှန်း''
''ဟေ''
''ဖေရှန်းနဲ့ဖေကျီးနဲ့ဘယ်အချိန်မှာစတွေ့ကြတာလဲဟင်''
သားတော်မောင်အမေးကြောင့်ဝေဝူရှင်းဝမ့်ရှန်းနှစ်ကိုခေါင်းဖီးပေးနေရင်းပြန်မေးသည်။
''သားကဘာလုပ်ဖို့တုန်း''
''သားကလား သားကသူငယ်ချင်းတွေကိုပြန်ပြောပြမလို့ အဲ့ဒါကြောင့်ဖေရှန်းကိုမေးတာ''
''ဟုတ်လား ကောင်းတာပေါ့ ဒါဆိုနားထောင် ဖေရှန်းပြောပြမယ် ဝမ်ရှန်းနှစ်ကော နားထောင်မှာလား''
ဝေဝူရှင်းပေါင်ပေါ်ထိုင်နေတဲ့ဝမ့်ရှန်းနှစ်ကထုံးစံအတိုင်းပေါ့
''အင်း''
ဝမ်ရှန်းတစ်လေးကဝေဝူရှင်းအရှေ့မှာဝမ်းလျားမှောက် မေးလေးလက်ထောက်ပြီးဖေရှန်းပြောမယ့်စကားတို့ကိုနားထောင်ဖို့ပြင်သည်။ဝမ်ကျီးကစာသွားသင်နေရသဖြင့်လောလောဆယ်ကျင်းရှီဆောင်မှာဝေဝူရှင်းနဲ့ကလေးတွေပဲရှိသည်။
''ဟုတ်ပြီ ဖေရှန်းပြောပြမယ် ဒီလိုကွ မင်းဖေကျီးနဲ့ဖေရှန်းက ဟောဟိုမှာတွေ့လား''
သစ်ခွဆောင်ကိုလက်ညှိုးထိုးပြတဲ့ဖေရှန်းကြောင့်ဝမ့်ရှန်းလေးတွေကလိုက်ကြည့်ကြသည်။
'အင်း''
''တွေ့တယ် အဲဒါဖေကျီးစာသင်တဲ့နေရာမလား ကိုကြီးစစ်ကျွေးနဲ့ကျင်းရီလည်းရှိတယ်လေ''
''အင်းမှန်တယ် အဲ့နေရာမှာဖေကျီးနဲ့ဖေရှန်းနဲ့စတွေ့ကြတာပေါ့ ဖေရှန်းနဲ့ဦးဦးကျန်းနဲ့ကဒီကိုစာသင်ဖို့လာတာ မင်းတို့ဖေကျီးကဒီမှာနေတာလေ''
''အင်း''
''ဒီလိုနဲ့တစ်ရက်မှာပေါ့ကွာ ဖေရှန်းတစ်ယောက်တည်းစာသင်ခန်းထဲရှိနေတုန်း မင်းတို့ဖေကျီးကဝင်လာတယ် ပြီးတော့မင်းတို့အဖေကဘာလုပ်တယ်မှတ်တုန်း''
''အင်း''
''ဖေကျီးကဖေရှန်းကိုဘာလုပ်တာတုန်း မွှေးမွှေးလာပေးတာလား''
''အာ မဟုတ်ပါဘူး လုပ်စရာလားလို့ မင်းအဖေကဖေရှန်းကိုမြင်မြင်ချင်းမှာကြွေသွားတာကွာ ဒါပေမဲ့မင်းတို့သိတဲ့အတိုင်းပဲဖေကျီးကစကားနည်းတော့သူဖေရှန်းကိုရည်းစားစကားမပြောတတ်ဘူးလေ''
YOU ARE READING
Mo Dao Zu Shi One Shot - 3(Zaw+Uni)
FanfictionCommentလေးတွေလိုက်ဖတ်ကြည့်တော့တစ်ယောက်တစ်မျိုးဆီဘယ်ဟာတော့ဘာရေးပေးပါလို့တောင်းထားတာလေးတွေတွေ့တယ် ဒါကြောင့်ဒီတစ်ခေါက်ရေးထားတဲ့One Shot မှာအကုန်ပေါင်းရေးမှာဖြစ်ပါတယ် ဖတ်ကြည့်ကြပါဦးနော် ဒါပါပဲ Commentလေးတွေလိုက်ဖတ်ကြည့်တော့တစ်ယောက်တစ်မျိုးဆီဘယ်ဟာတော့ဘ...
