Part 12

12.5K 921 10
                                    

"ကျန့်ကော!!!"
"ရိပေါ် ဟိုဘက်မှာ ခဏသွားစောင့်နေပေးပါလား!"

ရိပေါ် ရှောင်းကျန့်ကို စိတ်ပူပေမဲ့ အသာတကြည်ခေါင်းငြိမ့်လိုက်ရင်း ရှောင်ပေးလိုက်သည်။ ကျန့်ကော ဆုံးဖြတ်လိမ့်မယ်! သူကတော့ ကျန့်ကော ဘယ်လိုပဲလုပ်လုပ် ရှောင်းကျန့်ဆုံဖြတ်ချက်ကို အလေးထားမည်သာ!

"ကျန့်ကျန့်!! ငါ...ငါ!"
"ချင်းအာ! ဒီတစ်ခေါက်ပြန်လာတော့ ကိုယ်စဉ်းစားမိတယ်! မင်းနဲ့ကိုယ် အရင်လိုသူငယ်ချင်းဆက်ဆံရေးဖြစ်နိုင်ဦးမလား ဆိုပြီး! ဒါပေမဲ့ ကိုယ်တကယ်မဆုံးဖြတ်နိုင်ခဲ့ဘူး!"
"ကျန့်ကျန့်!!!"
"ကိုယ်...ပင်ပန်းနေပြီ! ကိုယ်တို့ မဖြစ်နိုင်တော့ဘူးထင်ပါတယ်! ဒီတော့...မင်းနဲ့ကိုယ် ထပ်မတွေ့ဘဲနေကြရအောင် ချင်းအာ! ကိုယ်တို့ကိုယ့်လမ်းကိုပဲ ဆက်လျှောက်ရအောင်!"
"ဟင့်အင်း ကျန့်ကျန့်!!! ငါ...ငါနင့်ကိုချစ်တယ်! အဆုံးရှုံးမခံနိုင်ဘူး! ငါနဲ့အတူတူ အသစ်ကပြန်စရအောင်! ငါကတိပေးတယ်! ဘယ်လိုအမှားမျိုးမှ ထပ်မလုပ်တော့ဘူးလို့!"
"ဟင့်အင်း ချင်းအာ!!!"

တွဲခိုလာသည့်လက်ကို ဆွဲဖြုတ်လိုက်ရင်း

"မင်း...ကိုယ့်အပေါ်တစ်ခါလောက် အားနာမိတယ်ဆိုရင် ကျေးဇူးပြုပြီး..."
"ကျန့်ကျန့်!!! ငါနင့်ကို တကယ်အဆုံးရှုံးမခံနိုင်ဘူး! ငါလေ...ငါ"

ရှောင်းကျန့်တကယ်ပဲ သူမအပေါ်မှာခံစားချက်မရှိတော့ဘူးပဲ! အရင်တုန်းက နွေးထွေးတဲ့ အပြုံးနဲ့ အမြဲတမ်း ကြိုဆိုနေခဲ့တဲ့ ရှောင်းကျန့်! အခုသူမရှေ့မှာ မြင်နေရတာက...

"မင်းပျော်ရွှင်ပါစေလို့ စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ် ချင်းအာ!!!"

သူလှည့်ထွက်လာတော့ ချင်းအာက အနောက်ကနေပြေးဖက်လိုက်သည်။ သူမ ဒီကျောပြင်ကို အရမ်းလွမ်းဆွတ်နေခဲ့ရတာ! နေ့တိုင်းနောင်တတွေရနေခဲ့ရတာ!

"ချင်းအာ!"
"ကျန့်ကျန့်! ငါတို့အတူနေသွားရအောင်!!!"

ရှောင်းကျန့်သက်ပြင်းချလိုက်ရင်း ငါထပ်ပြီးသနားနေပြန်တာလား? ငါတကယ်ကို စိတ်ဓာတ်ပျော့ညံ့တဲ့သူပဲ! ဒါပေမဲ့... ငါ...

ချင်းအာရဲ့လက်ကို ဖြည်ချလိုက်ရင်း မျက်နှာချင်းဆိုင်ကြည့်လိုက်သည်။

YiZhan (Besides You ❤️) Zawgyi+UnicodeWhere stories live. Discover now