တစ်ဖက် ယွင်မုန့်ကျန်းတွင်လည်း ကျန်းဂိုဏ်းချုပ် ကျန်းဝမ်အင် အိပ်ပျော်နေရာမှ လန့်နိုးလာသည်

အင်းစက္ကူမီးလောင်နေပေပြီ

" ဝေဝူရှင်းမွေးပြီ "

အိပ်ယာမှအလျင်အမြန်ထကာ ဝတ်စုံပင်ပြင်မဝတ်နိုင်ဘဲ တိမ်လွှာနန်းမြိုင်သို့ စန့်တူ အသော့နှင်ခဲ့သည်

_____________________________________

တိမ်လွှာနန်းမြိုင်တွင်လည်း မနက်နှစ်ချက်တီးသာရှိသေးသည်

ဖြူဖြူလွလွ ပုံရိပ်များ ဟိုတစ်စု ဒီတစ်စုပြေးလွှားနေကြသည်

ငြိမ်းဆောင်ထဲသို့ သမားတော်နှင့်အကူများဝင်လာတော့ ဝေဝူရှင်းမှာ လန်ဝမ်ကျီလက်ကို ဆုပ်ကိုင်ထားပြီး လူးလှိမ့်နေပေပြီ

လန်ဝမ်ကျီကတော့ ဝေဝူရှင်းလက်ကို တင်းတင်းကျပ်ကျပ်ပြန်ဆုပ်ကိုင်ထားပြီး အားပေးနှစ်သိမ့်နေလေသည်

သမားတော်လည်း စမ်းသပ်ကြည့်လိုက်တော့ ဝေဝူရှင်းသည် ရေမြွာပေါက်ခါနီးအခြေအနေမှာရှိသည်

" ဟန်ကွမ်ကျွင်း စိုးရွံ့မိပမယ့် အပြင်လေးထွက်ပေးပါ ဝေ့သခင်လေး မီးဖွားခါနီးနေပါပြီ "

လန်ဝမ်ကျီသည် သမားတော်၏စကားကို ခေါင်းတစ်ချက်သာငြိမ့်ကာ

" ဝေ့ရင် အပြင်မှာရှိတယ် မကြောက်နဲ့ "

ဝေဝူရှင်းကတော့ နာကျင်လွန်းအားကြီးလို့ စကားပင်ပြန်မပြောနိုင်၊ မျက်ရည်ပေါင်းများစွာနှင့် ခေါင်းဆက်ဆက် ငြိမ့်ပြရှာသည်

လန်ဝမ်ကျီရင်ထဲဆို့တတ်လာသည်
မြတ်နိုးစွာ ဝေဝူရှင်း နဖူးလေးကိုနမ်းလိုက်ပြီး

" စောင့်နေမယ် မကြောက်နဲ့ ငါရှိတယ် "

လန်ဝမ်ကျီ လက်မလွှတ်နိုင်သေး
ချစ်ရသူမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေပြီး ကြည့်မဝနိုင်၊

" ဟန်ကွမ်ကျွင်း အရှင် "

အသင့်ပြင်ဆင်ပြီးသော သမားတော်က သတိပေးလိုက်သည်၊

လက်လေးကို အသာခပ်တင်းတင်းကိုင်လိုက်ပြီး

" သမားတော် ဝေ့ရင်ကို အပ်ပါတယ် "

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Where stories live. Discover now