ကလင် ကလင် ကလင် .......
သားငယ်ရေ ဖုန်းလာနေတယ်
ကိုင်လိုက်ပါအုန်း
ဒေါ်မာရီမာ သိုးမွှေးထိုးရင်း လှမ်းပြောလိုက်တဲ့အသံကြောင့်.....
လင်းညို တစ်ယောက် ဖတ်လက်စ
စာအုပ်လေးကို မှောက်ခဲ့ပြီး
ဖုန်းကိုင်လိုက်တယ် .
ဟလို .... ဟလို
ဘယ်သူလဲလို့ အသံမာမာနဲ့ မေးလိုက်တယ်
အခုကိုင်တာဘယ်သူလဲလို့ ဒေါ်ဝေစီရဲ့
အမေးကြောင့် လင်းညို တစ်ယောက်
ဒေါသထောင်းခနဲ့ ထသွားပြီး
အခုမေးနေတဲ့ သူကရော ဘယ်သူလဲလို့
ဘောက်ဆပ်ဆပ်ပြန်မေးလိုက်တယ်။
ဟလို .. မာရီ ရှိလား
အန်တီက သူ့ရဲ့ သူငယ်ချင်း ဒေါ်ဝေစီပါ
မာမီ မာမီ ....ဖုန်းလာတယ်
ဘယ်သူလဲ သား ...
မာမီ သူငယ်ချင်းလို့တော့ပြောတာပဲ
ကဲပေးပေး ...
ဟလို အမိန့်ရှိပါရှင် မာရီပြောနေပါတယ်
ဟဲ့ကောင်မ မာရီ အမလေး
နင့်ဆီဖုန်းခေါ်ရတာလဲဟယ်
လည်ပင်းကိုရှည်နေတာပဲ စောင့်ရတာ
ဘယ်သူတုန်း နင်က ...
အံမာ ငါ့အသံတောင်မမှတ်မိဘူးလား
ဒေါ်ဝေစီ အပြောကြောင့်
ဒေါ်မာရီ အနည်းငယ်တွေဝေသွားတယ် ..
ငါဝေစီလေဟယ် .....
ဟယ် သူငယ်ချင်း ကောင်မကြီး
အရမ်းသတိရနေတာ
ဟိုနေ့ကတောင် ကိုတင်ဖေ နဲ့ဘုရားမှာ
ဆုံတုန်း ဝေစီနဲ့တွေ့ရင် သတိရတယ်လို့
ပြောပေးအုန်းလို့ ပြောနေတာ
ငါလဲသတိ အရမ်းရနေလို့ ဖုန်းဆက်လိုက်တာ
မာရီရေ ...
ဒီလထဲမှာ ငါသားနဲ့ ရန်ကုန်ဆင်းလာမလို့
ဘာလက်ဆောင်ဝယ်လာရမလဲ ... မာရီ
ဝေစီ ငါ့အကြိုက်ကို နင်သိပါတယ်
အမလေး အမလေး သိပါတယ်
ဗေဒါရွှေကြာရယ် မြင့်မြင့်ခင်
မလိုင်ထိုးမုန့်ရယ် မလား
ဟားဟား ငါ့သူငယ်ချင်းက
ငါ့အကြိုက်တွေ မမေ့သေးဘူးပဲ ...
မေ့စရာလား မာရီ
မင်းနဲ့ကိုယ်နဲ့က ဘယ်လိုပတ်သက်မှုမျိုးတွေလဲ
ဒါနဲ့ ခုနက ဖုန်းကိုင်တာ ဘယ်သူလဲ
လေသံကမာနေတာပဲ ...
အော် ဝေစီရယ် ဟင်းဟင်း
အဲ့ဒါ ငါ့သား အငယ်ကောင် လင်းညိုတဲ့
အမေတိုင်းပဲနော် ခပ်မာမာပဲ
ဟားဟား ...
အမေတူသားလေးလေ ....
ဒါနဲ့ လာရင် ငါ့အိမ်မှာပဲတည်းရမယ်နော်
သူငယ်ချင်း .... အားနာစရာမရှိဘူး.
အားမနာပါဘူး နင့်ဆီမှာပဲတည်းမယ်
မာရီ
အေးအေး ပြောစရာတွေအများကြီးရှိတယ်
သူငယ်ချင်း
ရောက်မှပဲ တို့တွေ မအိပ်ပဲပြောကြမယ်
မာရီရေ ဟင်းဟင်း ..
ဒါဆိုဖုန်းချလိုက်တော့မယ်နော်
Ok ok See you ....bye bye
.......
YOU ARE READING
Blue Sky
RomanceBoy love book လေးဖြစ်ပါတယ်။ 18 +နည်းနည်းပါပါမယ် ။ ပြီးတော့ အားလုံးလဲကြိုက်ကြမယ်လို့ထင်ပါတယ်။
