ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၅

Start from the beginning
                                    

"အဟမ်း ထမင်းစားဖို့လာ​ခေါ်တာ​လေ "

"မဆာဘူး နင့်​ပါသာစားနှင့်​ပြီးရင်​လဲပြန်​တော့ "

"အမ​လေး အမ​လေး မဆာလို့မရပါဘူး​နော်​နင်​ထမင်းမစားတိုင်း ငါ့က​လေးကို ထပ်​ခါထပ်​ခါစားမ​နေနဲ့ သူကနုနု​လေးရယ်​အဲ့ဒါ​တွေသိလို့ကို တမင်​လာ​ခေါ်တာ"

"နင့်​အကြံဒါအကုန်​ပဲလား နင်​ဝဋ်​လည်​မယ်​နော်​"

"ဟဲ့ သိင်္ခ ငါကူညီလို့နင်​ဒီအခန်းထဲ​ရောက်​နေတာ​နော်​အဟင်းဟင်း....​ကျေးဇူးမကန်းနဲ့အ​ကောင်​ရဲ့....နင့်​က​လေးကို​ခေါ်ပြီးထမင်းစားဖို့ဆင်းခဲ့ကြ...ငါ​ဆေးဝယ်​ထားတယ်​ကြားလား "

"ဟား...ဒါကျ ငါ့သူငယ်​ချင်း​လေးက​ကောင်းကျိုး​ပေးသွားပြန်​ပြီ "

"နှာဗူး​ကောင်​အပို​တွေလုပ်​မ​နေနဲ့ '

သိင်္ခနှင့်​ဆုမွန်​တံခါး​ပေါက်​နားရပ်​ခါ စကားနိုင်​လု​နေရင်း ယံယံမှလှမ်း​ခေါ်​လေ​တော့သည်​၊

"ကိုကို​ရေ သား Toilet သွားချင်​တယ်​လိုက်​ပို့​ပေးဦး " ဟုလှမ်း​ခေါ်​လေသည်​။

ဆုမွန်​လဲမျက်​စပစ်​ပြရင်း​အောက်​သိူ့ပြန်​ဆင်းသွား​လေသည်​။

သိင်္ခလဲ ယံ​လေးအား​ပွေ့ခါ​ရေချိုးသန့်​စင်​ပေးပြီး ထမင်းစားရန်​အောက်​ထပ်​သို့ချီလာ​လေသည်​။

ဆုမွန်​ယံယံထမင်းစား​နေသည်​ကိုစိုက်​ကြည့်​ရင်းစကားဆို​လေသည်​။

"ယံ​လေး....ဟို​နေရာကနာ​နေတယ်​မလားဟင်​"

"အဟွတ်​ဟွတ်​... "

ယံယံစား​နေရင်းထမင်းပင်​သီးသွား​လေသည်​။

"ဟဲ့ သိင်္ခ.... က​လေးသီးသွားပြီ​ရေထည့်​ပေးလိုက်​လေ...ဘာကြည့်​နေတာလဲ"

သိင်္ခလဲ ဆုမွန်​ကို​ကြောင်​ကြည့်​နေရာမှ အသိဝင်​လေသည်​။

"​အော်​...​အေး​အေး... က​လေး​ရေ​သောက်​ရော့....ဆုမွန်​နင်​လဲ​ပေါက်​ကရ​တွေ​လျှောက်​မေးမ​နေနဲ့ က​လေးအ​နေရခက်​အောင်​"

"ဟဲ့ ငါက​ဆေးတိုက်​မလို့​မေးတာ.... ဒီလိူ​တွေဖြစ်​မယ်​မှန်းသိလို့ အဟင်းဟင်း .....​ရော့....နင့်​က​လေးက်ု​ဆေးတိုက်​လိူက်​...ငါပြန်​တော့မယ်​" ဟုဆိူခါ​ကော့​တော့​ကော့​တော့နှင့်​ထွက်​သွား​လေ​တော့သည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Where stories live. Discover now