Zenitsu နဲ့ Uzui

534 48 40
                                    

   တောအုပ်ငယ်လေးထဲတွင် ဆယ်ကျော်သက် ကောင်လေးနဲ့ အရပ်မြင့်မြင့်  လူတစ်ယောက် လမ်းလျှောက်နေကြ၏။

"ဆိုးရွားလိုက်တာဗျာ ခင်ဗျားနဲ့
မှ တူတူ တာဝန်ကျရတယ်လို့  သခင်ကြီးက ဘာတွေစိတ်ကူးနေလဲမသိ"

ပါးစပ်မှဗျစ်တောက်ဗျစ်တောက်ရေရွတ်
ကာ ညည်းတွားနေသော ရွှေဝါရောင်ဆံပင်ပိုင်ရှင် ကောင်ကလေး
တစ်ယောက် ။ ထိုသူမှာအခြားမဟုတ်
"အငိုသန်တဲ့ မကောင်းဆိုးဝါးသတ်သူ"
ဟု နာမည်ကြီးသော Akazuma Zenitsuပင်ဖြစ်လေသည် ။
သူ၏ တွဲဖက်မှာ အရင်က Tanjiro သို့မဟုတ် inosukeပင်ဖြစ်သော်လည်း
ယခုအခါတွင်မူ ခန့်ချောကြီး Uzui Tengenဖြစ်နေသောကြောင့်ပင် ။  ရုပ်ချောသူတိုင်းသည် Zenitsuအတွက်
ရန်သူပင်ဖြစ်သည်။ 

"သောက်ကောင်လေး မင်းဒီစကားပြော
လာတာ မတော်နိုင်ဘူးလား "

Zenitsu ရဲ့ မရပ်မနားကွန်ပလိန်းများ
အား မခံစားနိုင်ဟန်ဖြင့် Uzui နားနှစ်ဖက်
ကိုပိတ်ထား သည်။

"အခုချိန်မှာ ဒီလူကြီးအစား Nezuko
လေး ကိုတွေ့လိုက်ရရင် ဘယ်လောက်တောင်ကောင်းမလဲ"

Zenitsuတစ်ယောက်ဟာမကျေမချမ်း
လေသံဖြင့် Uzui ဘက်
မေ့ငေါ့ပြလေသည် ။ သို့ရာတွင်
Uzui က သူ့အား အဖက်မပြောနဲ့ အရည်တောင်မလုပ် ။  ဒါ့အပြင် အိပ်ချင်လာဟန်ဖြင့် ပါးစပ်အားလက်ဝါးဖြင့်အုပ်ကာ တဝါးဝါး
သန်းချင်ယောင်ဆောင်လိုက်သေးသည်။

" ဟင်း ……ငါ့ဇနီးလေးသုံးယောက်
နဲ့ သာအချိန်ကုန်နေရင်ကောင်းမှာပဲ
အခုတော့ဖြင့် ငကြောက်တစ်ကောင်
ကြောင့် ငါ့ရဲ့တန်ဖိုးရှိလှတဲ့ အချိန်လေးတွေ ကုန်ဆုံးနေရပြီ "

Zenitsu ဒီတစ်ခါတော့အရှိုက်ထိသွား
လေပြီ   ။
အားနေ ဒီလူကြီးဟာ
ဇနီးသုံးယောက်အကြောင်း လူတကာ
ရှေ့ဆို ထုတ်ထုတ်ကြွားပြရတာအမော
ပင် ။ အထူးသဖြင့် Zenitsu ရှေ့ဆို ပိုဆိုးလေသည် ။ အဲ့ဒီအကြောင်း စလာတာနဲ့သူနဲ့ Uzui သတ်ခဲ့ရတဲ့
အကြိမ်ပေါင်းလည်း များလှပြီ ။

ကျွန်တော်သိပါတယ် ကျွန်တော့်လို 5' ကျော်ရုံလောက်အရပ်ကို ဘယ်မိန်းကလေးကကြွေချင်မှာလဲ
ဒါ့အပြင် သေမလိုလည်း ကြောက်တတ်
သေးတာ …

Demon Slayer တိုလီမုတ်စWhere stories live. Discover now