ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၂

Zacznij od początku
                                    

"မယ်​ဘုရားစကား သားနား​ထောင်​ပါ့မယ်​... ခွင့်​ပြူ​ပေးလို့ နှစ်​ထောင်းအားရ​ကျေနပ်​မိပါတယ်​ဗျာ...."

ယံယံ စကားလား ရှည်​လျား​ထွေပြားစွာကွန့်​ညွှန့်​ပြောလိုက်​သဖြင့်​ဒေါ်မိုးမြင့်​ရတနာ သ​ဘော​ခွေ့သွား​လေသည်​။

ညလွန်းယံလဲ မိခင်​စီမှခရီးသွားရန်​ခွင့်​ပြုချက်​ရပြီဖြစ်​သဖြင့်​မူဆယ်​သို့သွားရန်​အထုတ်​ပြင်​လေ​တော့သည်​။

မူဆယ်​သို့သွားမည့်​ည​နေတွင်​......သိင်္ဂီရတနာအိမ်​တော်​သို့ တန်​ဖိုးကြီးကားသုံးစီး အလျှိလျှိဝင်​လာ​လေသည်​။
ထိုသူများမှာ မယ်​မဒီ ဒီ​ရေမိုးနှင့်​ခေတ်​သစ်​တို့ဖြစ်​ကြသည်​။ ညလွန်းယံ၏ ကားတစ်​စီးတည်းနှင့်​သာစုသွားမည်​ဆိူ​သော အစီအစဉ်​ကြောင့်​သူငယ်​ချင်းသုံး​ယောက်​လုံး ယာဉ်​မောင်းကိုယ်​စီဖြင့်​ယံယံ့အိမ်​သို့လာကြခြင်းဖြစ်​သည်​။

​ဒေါ်မြင့်​မြတ်​ရတနာလဲ အိမ်​တော်​ရှေ့သိုထွက်​လာလျက်​....

"​မောင်​တိုး.....က​လေး​တွေကို ဂရုစိုက်​....ကားကိုလဲသတိထား​မောင်း​နော်​က​လေး​တွေတစ်​ခုခုဆိုနင့်​တာဝန်​ပဲ ကြားလား"

ကိုတိုး​ဝေ​အောင်​လဲ

"ဟုတ်​ကဲ့ သခင်​မကြီး" ဟူ၍​ခေါင်း​လေးငုံ့၍ ပြန်​ဖြေလိုက်​လေသည်​။

ထို့​နောက်​တိုး​ဝေ​အောင်​၏ ဇနီး နွယ်​လေးညိုမှာလဲ​ယောက်ျားဖြစ်​သူအားလမ်းခရီး၌ ဂရုစိုက်​ရန်​မှာကြား​လေ​တော့သည်​။

တစ်​ဖန်​ဒေါ်မြင့်​မြတ်​ရတနာမှ မဒီ့အား

" သမီး မဒီ.....သမီးကမိန်းက​လေးဆို​တော့​ယောက်ျား​လေး​တွေ ဆိုးရင်​တားတန်​တာကိုတား​နော်​..... သမီး​ပြောမရရင်​မယ်​မယ့်​စီဖုန်းဆက်​"

"ဟုတ်​ကဲ့ မယ်​မယ်​စိတ်​ချပါရှင့်​"

အမ​လေး အမ​လေး ရွံလိုက်​တာ.....တည်​ငြိမ်​သောမိန်းမပျို​လေး​ပေါ့ အဟွတ်​.....သူကဲရင်​ယောက်ျား​လေး​တွေ​တောင်​လိုက်​မမီတာ မယ်​မယ်​မှ မသိပဲကိုး.....ဟု ညလွန်းယံစိတ်​ထဲ၌​ပြော​နေမိသည်​။

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်Opowieści tętniące życiem. Odkryj je teraz