ရှောင်းကျန့်၏ဖင်မှာ ဆိုဖာနဲ့မိတ်ဆက်ခံရခါနီး လမ်းတစ်ဝက်တွင် ဖျက်ချခံလိုက်ရသည်မို့ မျက်နှာမှာရှုံ့ မဲ့သွားတော့သည် ။

" အင်တာဗျူးတုန်းကပြထားတဲ့ မင်းရဲ့ဒီဇိုင်းကို မကြိုက်သေးဘူး ၊ ဒီ့ထက်ပိုကောင်းတာ ၃ ၄ ခုလောက် ပြင်ဆင်ထားလိုက် . . ဒီအပတ်အတွင်းရချင်တယ် "

" ဒီအပတ်အတွင်း ? အခုမှ အလုပ်ဝင်တာလေ . . ဒါကြီးက မမြန်လွန်းဘူးလား . . ကျွန်တော်အမှီမပြီးရင် ဘယ်လိုလုပ်မလဲ "

" ဒါက မင်းအပိုင်းပဲ . . ငါလိုချင်တဲ့အချိန်အတွင်း မပြီးရင် မင်းထွက်စာတင်လိုက်တော့ "

ရိပေါ် စကားကြောင့် ရှောင်းကျန့်လေသွားသည် ။ ဒါသူ့ကို အလုပ်ထွက်အောင် တမင်ကြံစည်တာပဲ ။ ရတယ်လေ သူက ဘယ်သူမို့လဲ ။ ရှောင်းကျန့်ပဲဟာ ။ ဒီလိုအကွက်တွေ ကြိုတင်ပြင်ဆင်မထားဘဲ သူရိပေါ်ဆီ ဘယ်လိုလာပါ့မလဲ ။

" ကျွန်တော်ပြင်ဆင်ထားလိုက်ပါ့မယ် "

" သွားလို့ရပြီ "

ရိပေါ်ဟာ စကားပြောနေတဲ့တစ်ချိန်လုံး သူ့ကိုဘေးတိုက်ကနေပဲပြောပြီး တစ်ချက်မှလှည့်မကြည့်ပေ ။ သူ့ကိုမမြင်ချင်လွန်းနေသည့် ရိပေါ်ကို ရှောင်းကျန့်နည်းနည်း ကလိချင်သွားသည် ။

" ဒီ ၄နှစ်အတွင်းမှာ မင်းဘာလို့ရည်းစား တစ်ယောက်တောင်မထားရတာလဲ ရိပေါ် "

သူ့စကားကိုကြားတော့ ရိပေါ်က မျက်မှောင်ကုတ်လျက် မော့ကြည့်လာသည် ။

" မဟုတ်မှ မင်းငါ့ကိုမမေ့နိုင်လို့တော့ မဟုတ်ဘူးမလား "

" မင်း !! "

ရိပေါ်က ထိုင်နေရာက ဝုန်းခနဲထရပ်ရင်း ရှောင်းကျန့်အင်္ကျီကော်လံကို ဆောင့်ဆွဲလာသည် ။

" နောက်တာ နောက်တာပါ . . ဒါရိုက်တာဝမ်ရေ လွှတ် . . လွှတ်ပေးပါဦး "

အသက်ရှုကျပ်သွားပုံရသည့် ရှောင်းကျန့်အသံကြောင့် ရိပေါ် ကော်လံစကို လွှတ်လိုက်ရင်း တွန်းထုတ်လိုက်သည် ။

" စောက်ရေးမပါတဲ့ စကားတွေလာမပြောနဲ့ !! မင်းကိုငါ ဘယ်တုန်းကမှ သတိမရဘူး "

ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း (ex - Boyfriend ထံတွင်ထပ်မံကျရှုံးခြင်း)Where stories live. Discover now