part-14📎📎📎

Start from the beginning
                                    

📎📎📎

ရှောင်းကျန့်​အိပ်​​နေရင်းမှစန္ဒကူးနံ့​လေးအားရလိုက်​​သော​ကြောင့်​ ဝမ်​ရီ​ပေါ်ဟုထင်​ကာ ​​မျက်​လုံးဖွင့်​ကြည့်​မည်​အပြု
နဖူး​ပေါ်၌ပူ​နွေးမှုနှင့်​အတူ ​ရှောင်းကျန့်​ရင်​များပရမ်းပတာခုန်​လာ​လေသည်​။
*ဝမ်​ရီ​ပေါ်အခု ငါ့နဖူးကိုနမ်းလိုက်​တာလား? ငါက​ကောဘာလို့ရင်​​တွေခုန်​​နေရတာလဲ? *

~ ငါ့ရဲ့ယုန်​ဖြူ ​လေးကအိပ်​​နေတာ​တောင်​ချစ်​ဖို့​ကောင်းတယ်​ ~

ရှောင်းကျန့်​ဆံပင်​များကိုသပ်​တင်​​ပေးရင်း​ပြော​နေသည့်​ဝမ်​ရီ​ပေါ့်စကားအဆုံး ​ရှောင်းကျန့်​ရင်​​တွေထိန်းမရ​အောင်​ခုန်​​နေပီဖြစ်​သည်​။မျက်​နှာသာမကတစ်​ကိုယ်​လုံးလည်းပူ​နေသလိုလို^​အေးလာသလိုလို ^​ရေ​ရေရာရာမသိ​သောခံစားချက်​​ကြောင့်​ရင်​ထဲ​နေ၍ပင်​မ​ကောင်း​တော့!
*ဝမ်​ရီ​ပေါ်စုတ်​^ လက်​ကငြိမ်​ငြိမ်​မ​နေဘူး ဘာလို့ငါ့ဆံပင်​​တွေကိုလာကိုင်​​နေမှန်းမသိ! နမ်း​ကနမ်းလိုက်​​သေးတယ်​! အလိုလိုကမှရင်​​တွေပူ​နေပါတယ်​ဆို!
နေပါဦ. ! ဝမ်​ရီ​ပေါ်ကငါ့ကို.... အာ^မဖြစ်​နိုင်​တာ!​လျှောက်​ပီးမစဉ်းစားနဲ့! ~
ရှောင်းကျန့်​အ​တွေးများ​နေစဉ်​​မြောက်​တတ်​သွား​သော​ခေါင်းနှင့်​အတူပြန်​ကျသွား​သော်​နူးညံ့မှုနှင့်​​မွှေးပျံ့မှုအားခံစားရ​လေသည်​။ဝမ်​ရီ​ပေါ်ကသူ့​ခေါင်း​အောက်​တွင်​အ​နွေးထည်​ထား​ပေးခြင်း! ​ဒါနဲ့ သူ့လက်​​တွေကပူ​နေသလိုပဲ!ဝမ်​ရီ​ပေါ်​နေမ​ကောင်းဘူးလား? ​ဘာများဖြစ်​တာပါလိမ့်​?
အိုက်​ယား! အ လိုက်​တဲ့​ရှောင်းကျန့်​!သူ့ကို​မေးလိုက်​ရင်​ရပီကို စဉ်းစား​နေ​သေးတယ်​^
ရှောင်းကျန့်​လည်းဝမ်​ရီ​ပေါ့်​အားစကား​ပြောရန်​အိပ်ချင်ေ​ယာင်​ဆောင်​​နေရာမှမျက်​စိဖွင့်​လိုက်​​တော့သည်​။
မျက်​စိဖွင့်​ဖွင့်​ခြင်းမြင်​လိုက်​ရတာက ဝမ်​ရီ​ပေါ်! !
သူ့​ကိုရုပ်​တည်​ကြီးနဲ့စိုက်​ကြည့်​​နေတဲ့ဝမ်​ရီ​ပေါ်!
ဘယ်​လိုကြီးလဲဟ!​ရှောင်းကျန့်​ရင်​ထဲအမျိုးအမည်​မသိ​သောလှိုင်းက​လေးများ​ပေါ်လာပြန်သ​ည်​။
ဝမ်​ရီ​ပေါ်လည်း​ရှောင်းကျန့်​နိုးလာတာနှင့်​​ချောင်းတစ်​ချက်​ဟန့်​ကာ​ရှောင်းကျန့်​​ခေါင်း​အောက်​မှဆွဲထုတ်​ထား​သောစာအုပ်​ကိုစတိုင်​ကျကျနှင့်​ဖတ်​ချင်​​ယောင်​​ဆောင်​​နေ​လေ​သည်​။

~ ​အော်​... ဝမ်​ရီ​ပေါ်ဘယ်​တုန်းက​ရောက်​​နေတာလဲ ~

မသိချင်​​ယောင်​​ဆောင်​ကာ​မေးလိုက်​သည်​။

~ ​ဝေ့ မင်းငါ့ကိုအဖတ်​လုပ်​သင့်​တယ်​​နော်​ ဝမ်​ရီ​ပေါ် ~

အံမယ်​! ကြည့်​စမ်း^ငါ့ကို​မော့​တောင်​မကြည့်​​တော့ပါလား?
စောနကစိုက်​ကြည့်​​နေတာသူမဟုတ်​တဲ့အတိုင်း!

~ ဝမ်​ရီ​ပေါ်!!! ~

စိတ်​တိုသည့်​​လေသံဖြင့်​​အော်​လိုက်​သည့်​ရှောင်းကျန့်​​​စကားအဆုံး ဝမ်​ရီ​ပေါ့်ထံမှ​လေသံ​အေး​အေး​လေးတစ်​ခုသာထွက်​လာသည်​။

~ ​ကျောင်းတက်​​တော့မယ်​ ~

အော်​.... အခုထိအဖက်​မလုပ်​ဖူး​ပေါ့​လေ!
စော​စောကနမ်းလိုက်​တာသူမဟုတ်​တဲ့အတိုင်း!

~ မလိုက်​ဘူးလား ~

ထိုင်​ခုံမှထကာ​မေး​နေသည့်​ဝမ်​ရီ​ပေါ့်စကားအဆုံး ​ရှောင်းကျန့်​ပါးစပ်​မှလွှတ်​ခနဲထွက်​သွားရသည်​ယ

~ နမ်း​နေတာသူမဟုတ်​တဲ့အတိုင်း! ~

အသံတိုးသွား၍သာ​တော်​​သေးသည်​။ဝမ်​ရီ​ပေါ်သာသူနိုး​နေမှန်းသိလို့က​တော့!ဘာလဲ??? မှားတာငါမှမဟုတ်​တာ!
ခိုးနမ်းတာသူ​လေ^ငါကနစ်​နာသူပါ!ငါကဘာလို့သူ့ကို​ကြောက်​​နေရတာလဲဟ!​ရှောင်းကျန့်​အ​တွေးများ​နေစဉ်​ဝမ်​ရီ​ပေါ်ကသူ့အ​နွေးထည်​အားပြန်​ဝတ်​ကာ​နေရာမှထထွက်​သွားပီဖြစ်​သည်​။

~ ​ဝေ့ ဝမ်​ရီ​ပေါ် ​စောင့်​ဦ ​လေ ~

ရှောင်းကျန့်​လည်းအ​တွေးများကို ဘိုင့်ဘိုင့်လုပ်ကာ ​​​ထွက်​သွား​သောဝမ်​ရီ​ပေါ့်​နောက်​သို့သာအ​ပြေးလိုက်​သွား​တော့သည်​။

Note💙

အရှည်​ကြီးပဲ​နော်​😆
ဝေဖန်​​ပေးခဲ့ပါဦ 😊

Love you all😘😘😘

<31-8-19>

CHAY《completed》Where stories live. Discover now