".........''

"...........''

ရှဲ့လျန်သည် ဟွားချန်၏ပါးပြင်လေးများကို လက်ဖဝါးလေးနှစ်ဖက်ဖြင့် အုပ်ကိုင်ထားဆဲဖြစ်ပြီး နှုတ်ခမ်းနှစ်ခုသည်လည်း အနီးကပ်အကွာအဝေးတွင်သာရှိနေလျက်...။ နူးညံ့သိမ်မွေ့သောထုံကျင်မှုများ၏ အာရုံခံစားချက်များပင် ကျန်ရှိနေဆဲဖြစ်သည်။
ချက်ချင်းဆိုသလိုပင် နှစ်ယောက်စလုံးသည် ကျောက်ရုပ်ဖြစ်သွားသလို တောင့်ခဲသွားကြသည်။ရှဲ့လျန်သည်ကြောက်စိတ်တို့ဖြင့်မလှုပ်ရှားနိုင်တော့လောက်အောင် ဖြစ်သွားသော်လည်း ဟွားချန်ကတော့ အမြဲအပူအပင်မဲ့သော မျက်နှာဖြင့် ပုံစံက အမြဲဆွဲဆောင်မှုရှိကာချောမောနေ၏။
ရှဲ့လျန်သည် သူ၏ခေါင်းထဲသို့သွေးများအလျန်အမြန်စီးဆင်းသွားခြင်းမှ သူမသေနိုင်ဘူးဆိုတာကို တကယ်မသိခဲ့ပေ။

အချိန်ကောင်းတွင် ရှဲ့လျန်သည်စကားစပြောလိုက်၏။

"စန်းလန် သတိရလာပြီပေါ့''

ဟွားချန်က စကားပြန်မပြော...

ထိုအခါရှဲ့လျန်၏ ဟွားချန် ပါးဆီသို့အုပ်ကိုင်ထားသောလက်ကလေးများသည် ဆက်ခနဲ အနောက်သို့ ဆုတ်ကာလွှတ်လိုက်မိပြီး

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ပါဘူး မဟုတ်ရပါဘူး မဟုတ်ဘူး...မင်း ထင်သလိုမဟုတ်ဘူး ငါက ဒီအတိုင်း လုပ်ပေးချင်...............''

ဘာကိုလဲ? အသက်ရှူ ဖို့် လေ အထောက်အပံ့ပေးဖို့လား?

တစ္ဆေ ဘုရင်က အသက်ရှူ ဖို့လေလိုအပ်တယ်တဲ့လား! ဒီစကားကိုအကျယ်ကြီးပြောထွက်မိတဲ့ သူ့ကိုယ်သူတောင် ရှဲ့လျန်မယုံနိုင်တော့သည်အထိ!!!

စကားလုံးတွေသည် ရှဲ့လျန်လည်ချောင်းထဲတွင်သာ ဆိုနင့်နေခဲ့၏။
ဟွားချန်ကလည်း သူ့ဘာသူ ထလိုက်ရင်း ရှဲ့လျန်အား စိတ်ငြိမ်စေရန်လက်ဖြင့်ပုတ်ပေးလိုက်ရင်း

"အရှင့်သား အရင်ဆုံး စိတ်ကိုလျော့ပါ''

ရှဲ့လျန်သည် လက်နှစ်ဖက်ဖြင့် သူ့ခေါင်းကိုသူ အုပ်ကိုင်လိုက်ပြီးသူ့ပုံစံသည်လည်း ကမောက်မဖြစ်နေ၏။ နောက်ဆုံးတွင် လက်ဝါးနှစ်ဖက်ကိုပူးကပ်ကာ လက်အုပ်ချီလျက် ဟွားချန်အား ဦးညွှတ်တောင်းပန်လိုက်သည်။

Heaven' offical blessing Donde viven las historias. Descúbrelo ahora