အပိုင်း_၃

Start from the beginning
                                    

ထယ်ဟီး မိန်းကလေးတန်မဲ့ ရှက်လည်းရှက်မိ၏ ။
ဒါပေမယ့်လည်း မောင့်ကိုမှမစွန့်လွှတ်နိုင်ပဲ ။
ထယ်ဟီးပဲ အလျော့ပေးရမှာပေါ့ ။

"​မောင်​...ထယ်ဟီးတို့ဘာမှာကြမလဲ"

''အင်း ထယ်ဟီး ကြိုက်​တာမှာ​လေ"

"အင်း"

မှန်​အကြည်​​ရောင်​သာကာထား​သောဆိုင်လေး၏
အပြင်​ထောင့်​ကွယ်​တစ်​​နေရာ၌​ချောင်း​နေသော
ကောင်​​လေးတစ်ဦး ။

ရိပေါ်ထိုကုပ်ချောင်းချောင်းနှင့်ကောင်လေးကို
မြင်လိုက်တော့ မိမိပါ ဆိုင်လေးထဲကြည့်မိသည် ။

"ဒီမှာ ဒီမှာ"

"အာ...မာမား!!

လန့်​ဖြန့်​ကာအ​နောက်​ကိုယိုင်​ကျမလိုဖြစ်​သွားသည့်
ထို​ကောင်​​လေး ။

"ဘာ​ချောင်း​နေတာလဲ''

"မင်း မင်းကဘယ်​သူလဲ"

ရိပေါ်အကဲခတ်ကြည့်လိုက်သည် ။ ထိုသူအရပ်မှာ ၃
လက်မလောက်မြင့်မည်ထင်သည် ။ ကိုကိုနှင့်ဆိုတန်း
တူလောက်ရှိ၏ ။ သို့သော် သူကကိုကို့လောက်တော့
ကြည့်မကောင်းပါ ။

"မင်းကရော ဘာကိစ္စလဲ"

ထိုကောင်လေးက ရိပေါ်ကိုမေးလာတော့
ရိပေါ် အကြည့်တို့ကဆိုင်ထဲရှိထိုင်ခုံပေါ်က
လူနှစ်ယောက်ဆီ ။

"ငါ...ငါက!!"

"မင်းကြည့်​ဟိုမှာ အဲ့တာငါချစ်နေတဲ့ မမ"

ငါလည်းမင်းကိုလက်ညှိုးပြီးပြလိုက်ချင်ပါရဲ့ ။
မင်း မမ ဘေးက ငါသိပ်ချစ်ရတဲ့ ကိုကိုဆိုတာလေ ။

"​ဘေးကလူကြီးလူ​ကောင်းပုံ​ယောင်​​ဆောင်
ထားတဲ့လူကအရမ်းကိုအိုဗာဖြစ်နေသလားလို့"

ဟား...ဒီကောင် ငါ့ကိုကိုများအိုဗာတဲ့ ။

ရိပေါ်လက်သီးလေးကိုကျစ်နေအောင်
ဆုပ်ထား၏ ။

"အဲ့လူကို မမ ကအရမ်းချစ်​တာ"

ကိုကိုလည်းအဲ့လိုပါပဲကွာ ။

"မင်းက အဲ့အစ်​မကို ပစ်ကြွေနေတာလား"

"​အေး​ပေါ့ ငါ့ဘွဲ့ရပြီးရင်​သူ့ကိုယူမှာ"

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now