အပိုင်း_၂

En başından başla
                                    

"ဝမ်ရိပေါ်...သွားရအောင်"

"ဟုတ်ကဲ့ ဆရာမ"

ရိပေါ်အရှေ့မှသွားနှင့်သော ဆရာမအနောက်ကို
ခပ်ဖွဖွလိုက်သွားသည် ။

"သား...ဘယ်​အချိန်​ရှိ​နေပြီလဲ
မင်းညီလေးပြန်​မလာ​သေးဘူး"

မေမေ့စကား​ကြောင့်​နာရီကိုမျက်​လုံးတို့က​ ဝေ့ဝဲကြည့်
လိုက်​​ပေတော့ ညနေငါးနာရီရှိနေ၏ ။ ဒီကလေးအခု
ချိန်ထိဘာလို့အိမ်ပြန်မလာသေးလဲ မသိပါ ။

ရှောင်းကျန့်စိတ်ရှုပ်စွာ သက်ပြင်းချမိ၏ ။

"အပြစ်ကိုသိတယ်နော် ဝမ်ရိပေါ်"

"ဟုတ်ကဲ့ ဆရာမ
အိမ်​ကို​တော့ဖုန်းမဆက်​ပါနဲ့​နော်​"

ရိပေါ်ဘာမှမစိုးရိမ်ပါ ။ တစ်ခုတည်းရယ် ။
ကိုကိုဆူမှာစိုးလို့ပါ ။

ခု​တောင်​​​နောက်​ကျ​နေလို့​မေ​မေစိတ်​ပူ​နေမှာကိုသိ၏ ။

"မင်းကထူးချွန်​တဲ့က​လေးမို့ ဒါကိုပထမဆုံးနဲ့​နောက်​ဆုံး
အကြိမ်​သတိ​ပေးလိုက်​မယ်​"

"ဟုတ်ကဲ့ ဆရာမ ကျေးဇူးတင်ပါတယ်"

"ဟိုဘက်​လှည့်​လိုက်​!!"

"ဟုတ်ကဲ့"

"ရွှမ်း...💥"

"ရွှမ်း...ရွှမ်း💥💥"

ရိပေါ်ခြေသလုံးဖွေးဖွေးလေးထက် အနီရောင်အစင်းတွေ
အထပ်ထပ်ဖြစ်နေ၏ ။ လက်သီးကိုဆုပ်ရင်း အသံမထွက်
မိစေရန် အံ့ကြိတ်ခံထား၏ ။ ရိပေါ်မပျော့ညံ့ချင်ပါ ။ ရိပေါ်
ကိုကို့ရှေ့ဆိုပိုလိုပင်မပျော့ညံ့ချင် ။

"သွားတော့ ဝမ်ရိပေါ်!! ပြီးတော့ဝှိုက်ဘုတ်မှာ
ကျွန်တော်နောက်တစ်ခါနောက်မကျတော့ပါဘူး
ဆိုပြီးအပြည့်ရေးခဲ့ ကြားလား ဝမ်ရိပေါ်"

"ဗျာ..."

"မကြားလိုက်ဘူးလား"

"ဗျာ...မဟုတ်​ပါဘူး
အခုပဲလုပ်​လိုက်​ပါ့မယ်​"

ရိပေါ်နီရဲလျက်ရှိသော ခြေသလုံးဖွေးဖွေးလေးကို
ခပ်ဖွဖွပွတ်ရင်း ကျောင်းခန်းထဲပြန်ဝင်လာ၏ ။

ဒီနေ့အိမ်ပြန်နောက်ကျပြီထင်ရဲ့ ။

ဝူး ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin