part-4📎📎📎

Start from the beginning
                                    

ရှောင်းကျန့်​တစ်​​ယောက်​ထဲအ​တွေးများ​နေစဉ်​ကား​ပေါ်မှဆင်းလာ​သောဝမ်​ရီ​ပေါ်အား​တွေ့လိုက်​ရသည်​!
သူ့အကြံအစဉ်​အတိုင်းဝမ်​ရီ​ပေါ်နားကိုအ​ပြေးသွားလိုက်​တယ်​!ပီး​တော့မှပုခုံး​ပေါ်လက်​တင်​လိုက်​ရင်း

~​နောက်​ကျတယ်​​နော်​ ရီ​ပေါ် ~

~မင်းနဲ့မဆိုင်​ဘူး ~

ဝမ်​ရီ​ပေါ်ကသူ့ပုခုံး​ပေါ်တင်​ထားတဲ့​ရှောင်းကျန့်​လက်​ကိုရိုက်​ချရင်း​ပြောလာသည်​!

~အား ရီ​ပေါ် မင်း​တော်​​တော်​လက်​သံ​ပြောင်​တာပဲ ငါ့လက်​​လေးနီသွားပီ ~

ရီ​ပေါ်ကြည့်​လိုက်​မိ​တော့အမှန်​ပင်​^အသားဖြူ လွန်း​သော​ကြောင့်​လက်​​ချောင်းရာမှာအနီ​ရောင်​အထင်းသားဖြင့်​!
*မင်းဘာလို့ရိုက်​ထုတ်​လိုက်​ရတာလဲ ဝမ်​ရီ​ပေါ် ​မင်းယုန်​ဖြူ ​လေးကနုနု​လေးကို *

~အုံဖွ ~

ရုပ်​တည်​ကြီးနဲ့လက်ကိုကိုင်ကာ​​အုံဖွဟု​​ပြောလာသည့်​ဝမ်​ရီ​ပေါ်​ကြောင့်​​ရှောင်းကျန့်​ရင်​ထဲသံစုံတီးဝိုင်းမြည်​သွားရသည်​!
သို့​သော်​လျစ်​လျူ ရှုကာထွက်​သွားပီဖြစ်​​သောဝမ်​ရီ​ပေါ်​နောက်​သို့အ​ပြေးလိုက်​သွားလိုက်​သည်​!

~ရီ​ပေါ်^ ညီ​လေးရီ​ပေါ်^ သူငယ်​ချင်းရီ​ပေါ်^အကိုကြီး​ရီ​ပေါ်^ ဝမ်​ရီ​ပေါ် ~

ဆရာမစာသင်​ချိန်​တွင်​​ဘေးမှထိုစာလုံးငါးလုံးကိုသာထပ်​ကာထပ်​ကာရွတ်​​နေတဲ့​ရှောင်းကျန့်​^သူ့​ဘေးကရီ​ပေါ်ကိုကြည့်​လိုက်​^ဆရာမကိုကြည့်​လိုက်​နဲ့ ပါးစပ်​က​တော့အဆက်​မပြတ်​ရွတ်​​နေ​လေသည်​!

~ထမင်းအတူတူစားကြရ​အောင်​လို့  ~

အခုလည်းထမင်းစားချိန်​တွင်​ထမင်းအတူတူစားရ​အောင်​ကိုပဲထပ်​ကာထပ်​ကာရွတ်​​နေပြန်​သည်​!ယုန်​ဖြူ ကထပ်​ကာထပ်​ကာရွတ်​ရတာသ​ဘောကျတယ်​နဲ့တူတယ်​^
ချစ်​သူဖြစ်​မှ "ဝမ်​ရီ​ပေါ့်ကိုချစ်​တယ်​"ဆိုတာကိုထပ်​ကာထပ်​ကာရွတ်​ခိုင်းရမယ်​!ကိုယ့်​အ​တွေးကိုယ်​သ​ဘောကျပီးပြုံးမိ​တော့

~Wow ရီ​ပေါ် မင်းပြုံးရင်​အရမ်းကြည့်​​ကောင်းတာပဲ ~

~ထမင်းစား​နေရင်း စကားမ​ပြောနဲ့ ~

အကြည့်​စူးစူးတစ်​ချက်​နဲ့​လေသံခပ်​မာမာ​ပြောလိုက်​​တော့ဇက်​​လေးပုသွားပီးပန်းကန်ထဲက​​မုန်​လာဥနီ​တွေကိုခက်​ရင်းနဲ့ထိုးစား​နေတယ်​!တစ်​ကယ့်​ယုန်​ဖြူ ^အမြဲတမ်းမုန်​လာဥနီပဲ​ရွေးစား​နေတယ်​!ကိုယ့်​ပန်းကန်​ထဲကမုန်​လာဥနီ​တွေထည့်​​ပေးလိုက်​​တော့ပြူး​ကြောင်​​ကြောင်​​လေး​မော့ကြည့်​လာတယ်​!

~အဟမ်း ငါမကြိုက်​လို့ ~

~ဟီး ​ကျေးဇူး ~

ယုန်​သွား​လေး​တွေ​ပေါ်​အောင်​ရယ်​ပြ​နေတဲ့သူ့​ကြောင့်​ကိုယ့်​ရင်​​တွေပရမ်းပတာခုန်​လာတယ်​^ငြိမ်​ငြမ်​​နေစမ်းပါ နှလုံးသား​လေးရဲ့^ယုန်​​ဖြူ ကြားသွားလိမ့်​မယ်​^.....

💖💖💖

Note💙

ဝေဖန်​အား​ပေးမှုများ​မျှော်​လင့်​လျက်​😊

Love you all😘😘😘

<23-8-19>

CHAY《completed》Where stories live. Discover now