အပိုင်း_၁

Start from the beginning
                                    

ဒါပေမယ့် ကိုကို့အရှေ့ကျ ကလေးတစ်ယောက်လိုပဲ
ငိုနေမိတယ် ။ ရိပေါ်ကကိုကို့မျက်လုံးထဲမှာတော့
အမြဲတမ်းကိုကို့ကိုဒုက္ခပေးတဲ့ မကောင်းဆိုးဝါးကောင်
လေး တစ်ယောက်ထက်ပိုမြင်မယ်မထင် ။

"အီးဟီး အီး...ဟီး!!"

"သား...က​လေးကိုမ​အော်​နဲ့လို့
မေမေပြောထားတယ်​​လေ"

ဘေးကမေမေက ဟိုကောင်လေးကိုဆူတော့
ကျွန်တော့်ကိုငေါက်သည် ။ ကျွန်တော်တကယ်ကို
မုန်းတယ် ။

"​မေ​မေ သူကသားကိုတကယ်​စိတ်​ပျက်​​စေတာပဲ"

ဝမ်ရိပေါ်ရဲ့ငိုမဲ့မဲ့မျက်လုံးတွေကိုကြည့်ပြီးမေမေ့ကို
ရှောင်းကျန့်ပြောလိုက်သည် ။

အဟင့်​ ဟင့်​!! ကိုကို ကိုကိုက ငါ့ကိုစိတ်​ပျက်​တယ်​တဲ့ ။

ကိုကိုရယ်​ ကိုကိုရဲ့တည်​ငြိမ်​ရင့်​ကျက်​တဲ့​ယောက်ျားပီသ
မှု​တွေ​ကိုကြည့်ပြီး ရိပေါ်ရင်​ခုန်​ရလွန်းလို့ ကိုကို့မြင်​ရင်
အလွဲလွဲအမှားမှားဖြစ်​သွား​စေတာပါ ။

ကိုကိုရယ်​ ကျွန်တော်ကတကယ်ကို
စိတ်​ပျက်​​စေတာပဲ...တဲ့လား ။

"ဟင့်​...အင့်​...အဟင့်​"

ရိပေါ်ကြမ်းပြင်ပေါ်တွင်သာ ထိုင်ငိုနေသေး၏ ။
မေမေကတော့မျက်နှာတွေညိုနေသည် ။

"ငိုမ​နေနဲ့ အိမ်​ကျက်​သ​ရေယုတ်​တယ်​"

"ရှောင်းကျန့်!!!"

မေမေကျွန်တော့်ကိုတားသည် ။ ဒေါသထွက်ပြီဆို
ထိန်းမရတဲ့ကျွန်တော်က ဘယ်သူ့မျက်နှာကိုထောက်
မနေတော့ပဲ စိတ်ထဲဖြစ်လာတဲ့အတိုင်းပြောလိုက်
တော့သည် ။

"အင့်..." ရိပေါ်ထံမှရှိုက်သံလေးသာထွက်လာ၏ ။

ရှောင်းကျန့်ထိုနေရာမှထထွက်သွားဖို့ပြင်သည် ။
တော်သေးသည် စာရွက်တွေကထင်သလောက်
စိုမသွားပေလို့ ။

ရိပေါ်ရှောင်းကျန့်ကိုကြည့်ရင်း အောက်နှုတ်ခမ်းထူထူ
လေးကိုသာကိုက်ထားလျက် မျက်ရည်တွေကျနေတုန်း
ပင် ။

ကိုကို မသိပါဘူး ဒီအိမ်ရောက်လာကတည်းက
ကိုကို့မျက်နှာကိုပဲအရိပ်တကြည့်ကြည့်,ကြည့်နေ
ခဲ့တာ ။ ကိုကိုဘက်ကတော့ ရိပေါ်ကိုဘယ်တုန်း
ကမှမျက်နှာသာ မပေးခဲ့ပဲလေ ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now