••Hk---••
Yibo ဆီက ခပ်အက်အက် အသံကြားရတော့
နို့ ခွက်လာချ ပေးတဲ့ MaMa Pinကတော့
သားလေး ဘာအလိုမကျ သလဲ ဆိုတဲ့
စိတ်နဲ့ တုန်လှုပ်သွားလေသည်
°°°သား အလိုမကျတာ ရှိလို့လား°°°
••• မရှိပါဘူး MaMa Pin•••
ငါးမိနစ် ပြည့်ပြီ ဆိုတာနဲ့ Yibo ထိုင်ခုံမှ
ချက်ချင်းထလိုက်လေသည်
°°°သား--°°°
Yibo ဘာမှ မပြောပဲ MaMa Pin
ကို လှည့်ကြည့်လေသည်
°°° ဟို Zhanလေး°°°
မဝံ့မရဲ ပြောနေတဲ့ MaMa Pin ကြောင့်
Yibo သဘောပေါက် သွားပြီး
•••သူဘယ်မှာလဲ•••
°°°မထသေးဘူး ထင်တယ်သား°°°
•••5နာရီ ထိုးပြီ•••
Yibo ပြောပြီးပြီးချင်း
အပြင်ထွက်သွားလေသည်
MaMa Pin ထင်မိပါသည်
သူ့အဖြေကြောင့် Yiboလေး
စိတ်တိုမယ်ပေါ့ ဒါပေမဲ့
သားစိတ်မတိုဘာလား
သူငါ့ကို ငြိမ်ငြိမ်ပဲ ပြန်ဖြေသွားတယ်
တကယ် ငြိမ်ငြိမ်လေးပဲ
Yiboဆိုသူဟာ 4:55A.M ရောက်တာနဲ့
ထမင်းစားဝိုင်းမှာ ထိုင်ပြီးသားလူပါ
5:00 A.M ပြည့်တာနဲ့ နို့လည်း ကုန်သလို
ထရပ်ပြီးသားပဲ ဖြစ်ပါတယ်
Yibo က 5 နာရီထိုးတာနဲ့ အိမ်ကနေ
တန်းထွက်တဲ့ လူ
နောက်ကျတာလည်း မကြိုက်တဲ့ လူတစ်ယောက်ပါ
ခုက Xiao Zhanလေးက သူနဲ့
ကျောင်းသွားရမယ်လို့ Mr. Wang က
အမိန့်ပေးထားတယ်မလား
ပြီးတော့ သူနဲ့ သွားမယ်ဆိုတော့
နောက်ကျတာပေါ့
ဒါပေမဲ့ ထူးဆန်းစွာ Yibo စိတ်မတို
ပဲ ငြိမ်ငြိမ်လေး ဖြေသွားတာကြောင့်
MaMa Pin အံ့သြသွားတာပါ
Yibo အိမ်ရှေ့ရောက်တော့ သူ့အခန်း
ဘေးက အခန်းကို လှမ်းကြည့်ဖြစ်အောင်
ကြည့်ပြီး ထွက်သွားလေသည်
5:30 ရောက်တော့
Xaio Zhanလေး အိမ်ပေါ်ကနေ ဆင်းလာလေသည် အိမ်အကူ တွေနဲ့ အလုပ် ရှုပ်နေတဲ့
MaMa Pinကိုတွေ့တော့
(အိမ်အကူတွေက 5နာရီ ထရပါတယ် 5:30မှ
အလုပ်စလုပ်ကြရတာ Yibo လေးက
အကြောင်းတစ်စုံတစ်ခုကြောင့် အစောထတတ်တာနော် သူ့ထတဲ့ချိန် MaMa Pinပဲ ထတာ
နားမလည် မှာစိုးလို့ပါ)
•••အန်တီ•••
Xaio Zhan ခေါ်တော့ MaMa Pin
ခေါင်းမော့လာပြီး
°°°အော် Zhan လေး သားအစောကြီး
ထနေပါလား°°°
•••ကျွန်တော် အကျင့်ရနေပါပြီ•••
°°°သားက အစောကြီး ထနေကျလား °°°
•••ဟုတ်အရင်က ဆို ပေါက်စီ ပို့နေကျ
ခုက ဘာမှမလုပ်ရတော့
ကျွန်တော် တစ်မျိုးပဲ အဲ့ကြောင့်
အန်တီကို လာကူမလို့ပါ•••
Xaio Zhan လေးကြောင့်
MaMa Pin ပြုံးမိလေသည်
°°°လိမ္မာလိုက်တဲ့ ခလေးပါလား
အရင်က ပင်ပန်းထားပြီလေ ခု
နားနားနေနေ ပဲ နေပါ°°°
MaMa Pinက Xaio Zhanလေးရဲ့
ခေါင်းကို ပွတ်ပြီးပြောတော့
•••ဟုတ်ကဲ့ပါ အန်တီ•••
°°°အန်တီလို့ မခေါ်နဲ့လေ
MaMa Pinလို့ခေါ်°°°
•••အော် ဟုတ်•••
°°°ခေါ်ကြည့်ကြည့်°°°
•••ဟီး MaMa Pin•••
°°°ဒါပေါ့ ချစ်ဖို့ကောင်းလိုက်တာ ဒီခလေးက°°°
MaMa Pin Xaio Zhan ရဲ့ပါးကို
ဖွဖွ လေးညစ်ပြီး လုပ်စရာရှိတာ
ဆက်လုပ်နေလိုက်သည်
•••MaMa Pin သားတစ်ခု မေးလို့
ရမလားဗျ•••
°°°ရတယ်လေသား သားဘာသိချင်လဲ°°°
•••ဟို ဟို တစ်ယောက် သူ သူ
ဘယ်ချိန်ထတတ်လဲဗျ•••
°°°သား ဘယ်သူ အော် Yibo လေးကို
လား°°°
•••ဟုတ် ကျွန်တော်က သူနဲ့
ကျောင်းသွားရမယ်ဆိုတော့
သူ့သွားချိန် ပြန်ချိန်လေး သိထားချင်လို့ပါ•••
°°°Yiboလေးက 4:00 ထတယ်သား°°°
•••ဗျာ!!!•••
#L
To be containue;
Yiboလေးအကြောင်း နည်းနည်းကြောင်နေရင်
နောက်ပိုင်းမှ ကောင်း၂လေး
ပြန်ရှင်းပေးမှာပါနော်
ဖတ်ပေးကြလို့ ကျေးဇူးတင်တယ်နော်
vote ပေးတဲ့သူကော feedback ပေးတဲ့သူပါ
အားလုံး ကျေးဇူးတင်ပါတယ်နော်
YOU ARE READING
The People I Shouldn't Fallen For
RomanceUnicode ver... မဖြစ်သင့်ဘူး မလုပ်သင့်ဘူး မချစ်သင့်ဘူး မင်းမသင့်တာတွေက အများကြီးပါပဲနော် ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲနော်ဒီနှလုံးသားက မင်းကိုမှ ချစ်နေရတယ်လို့ ငါဘယ်လိုလုပ်ရမလဲ မင်းကိုမချစ်အောင် ငါဘယ်လိုလုပ်ရမလဲ ငါရဲ့နှလုံးသား ဒီမှာ...
~~~3~~~
Start from the beginning
