~~~2~~~

6.5K 389 9
                                    

ကြီးမားကျယ်​ပြန့်​လှတဲ့ ခြံဝန်းထဲမှာ ကြီးမားတဲ့ တိုက်​အိမ်​ကြီး တစ်​လုံးရယ်​ ပန်းခြံအကြီးကြီး
အထဲမှာလည်း စွယ်​စုံလှပတဲ့ ပန်း​မျိုးစုံ​တွေ
နန်း​တော်​အလား အရမ်းအရမ်းကို
လှတယ်​​ပြောရမယ်​ ဒါ​တော့ ကျွန်​​တော်
နေရမဲ့ အိမ်​အသစ်​တဲ့ အရင်​အိမ်​နဲ့
စာရင်​​တော့ ​ကောင်းကင်​နဲ့ ​မြေကြီးပဲ​ပေါ့
မသိတာ တစ်​ခုပဲ ​ပျော်​ရွှင်​​တွေက
အရင်​အိမ်​​လေးမှာလို့ ပြီးပြည့်​စုံနိုင်​ပါ့မလား

Xaio Zhanနဲ့ သူ့အ​မေ ကားနက်​ကြီးထဲက​နေ ဆင်းလာ​လေတယ်​ Mr. Wang အပါအဝင်​​ပေါ့

Xaio Zhan တစ်​​ယောက်​ အ​တွေး​ပေါင်းများစွာနဲ့ အိမ်​ကြီးကို ​ငေးကြည့်​​နေစဉ်

••သား အထဲ ဝင်​မယ်​ ••
°°°ဟုတ်​ ဟုတ်​ကဲ့ ဦး~~~°°°
••ဟင်​--••
°°°အာ ဟို ဟုတ်​ပါး°°°

Mr. Wang က Xaio Zhan ကို သူ့ကို ပါးလို့​ခေါ်ခိုင်း​ပေမဲ့ ဦးဦးနဲ့ ပါးစပ်​စွဲ​နေတဲ့ Xaio Zhanက ချက်​ချင်း မပြင်​နိုင်

ကျွန်​​တော်​ အိမ်​ထဲ ​ရောက်​ပြီ​လေ
တကယ့်​နန်း​တော်​လိုပါပဲ ​နေရာတကျ ချထားတဲ့ အိမ်​သုံး ပစ္စည်း​တွေ အလှဆင်​​တွေ ဒီအိမ်​ကို ​ခြေချရတာ ကျွန်​​တော့်​လို ဆင်းရဲ​ကောင်​​လေးကို သိမ်​ငယ်​​စေလိုက်​တာ

••သား ထိုင်​ဦး သားဘာမှ မ​ကြောက်​နဲ့ အခုဒီအိမ်​က သားအိမ်​ဖြစ်​သွားပြီ လွတ်​လွတ်​လပ်​လပ်​ပဲ​နေ ••
••XaioLi အဆင်​​ပြေလား••
**ဟုတ်​ ​ပြေပါတယ်​**
••သက်​သက်​သာသာပဲ​နေ​နော်​ ဘာမှ စိတ်​မပူနဲ့••
**ဟုတ်​**

အိမ်​​တော်​ ထိန်း​တွေ အ​စေခံ​တွေလည်း သူတို့ရဲ့ သခင်​သစ်​ကို ကြိုဆို​လေရဲ့

~~သခင်​​လေး ​ရေပါ~~
°°°​ကျေးဇူးပါဗျ°°°

ချစ်​စရာ​ကောင်းလွန်းတဲ့ သူတို့ရဲ့ သခင်​သစ်​​လေးက ပြုံးပြတဲ့ အပြင်​ ​ကျေးဇူးတင်​စကားပါ
ပြောလာ​တော့ MaMa Pin ပြုံးမိသွားသည်

The People I Shouldn't Fallen ForWaar verhalen tot leven komen. Ontdek het nu