Xiao Zhan တစ်ယောက် Yibo ပြောသောစကားကိုနားမလည်နိုင်စွာကြည့်နေသည်။
(သားလေး မေမေ ကကလေးမရနိုင်ခဲ့ဘူး ဒါပေမဲ့ လင်မယား၂ယောက်လုံးက ကေးအရမ်းလိုချင်နေတာကြောင့် အငှားကိုယ်ဝင်စောင်နဲ့ မွေးဖို့လုပ်ခဲ့တယ် ဒီကိစ္စကို သားသိရင်စိတ်ထိခိုက်မှာစိုးလို့မပြောဖြစ်ခဲ့ဘူး)
Xiao Zhan ဖေဖေ ၏ Diary မှ စာများဖြစ်သည်။
Yiboက တစ်လုံးချင်းပီသစွာ ဖတ်ပြလေသည်။
Xiao Zhan ပုံရပ်ကလေးလဲကျသွားပြီး မျက်ဝန်းများမှ မျက်ရည်များထိန်းမရအောင်စီးကျနေသည်။
ပါးစပ်မှလဲ"ငါမေမေ့ သားမဟုတ်ဘူး ငါမေမေ့သားမဟုတ်ဘူး" ဟု အလန့်တကြားရွတ်ဆိုနေမိတယ်။
Yibo က ဆက်၍
"မင်း ကိစ္စသာ မင်း အသိုင်းအဝိုင်းကြားပြန့်သွားရင် မင်းရော မင်းကုမ္ပဏီ ပါသွားပြီပဲ"ထိုစကားကြားသောအခါ Xiao Zhanက အမော တကော ယိုင်နဲ့နဲ့နှင့် ထလာပြီး Yiboနားက စာအုပ်ကိုတောင်းသည်။ မျက်ရည်များတော့စီးကျနေဆဲပင်။
အရင်က သူ့အခန်းတွင် ထိုDiary အားတစ်ခါမှ မမြင်ဖူးပါ။ ရေးထားသောစာကိစ္စလဲ သူဘာမှ မသိခဲ့ရ။
"Yibo စာအုပ်ပြန်ပေး"
"ငါက ပြန်ပေးဖို့ယူထားတယ် ထင်နေတာလား"
"မင်း ဘာလုပ်ဖို့လဲ"
အသံများတုန်ရီနေသည်။"ငါသာ Media ကိုဖြန့်လိုက်ရင်......"
"ဘာ Yibo မင်း မင်း....!"
"Oh relax မဖြန့်စေချင်ရင်မင်းငါပြောတာလက်ခံ"
"ဘာလဲ"
"မင်းငါ့ အရုပ်လုပ်ရမယ် တစ်သက်လုံးလို့မဆိုဘူးနော် ငါ့ရည်ရွယ်ချက်တွေပြည့်တဲ့ထိပေါ့ "
"Yibo မင်းဘာတွေပြောနေတာလဲ ငါမလုပ်နိုင်ဘူး"
"ဒါဆိုလဲ မင်းရွေးခြယ်မှုပေါ့"
Yibo သူ့ဖုန်းနှင့် ကျို့ အားလှမ်းဆက်လိုက်သည်
"ဝေ့ ကျို့ နက်ဖန် Media တွေ စုထားပေး"
Xiao ဆောက်တည်ရာမရဖြစ်ပြီးထတားလိုက်သည်
"ငါလုပ်ပါ့မယ် Yibo ငါမင်းအရုပ်လုပ်ပါ့မယ်"