Mr Yiboကို စိတ်​တိုပြီး အသံမြင့်​မိ​တော့ ဘာမှ မသိတဲ့ XaioLiတို့ သားအမိက ​ကြောင်​အလို့ XaioLi Mr.Wangကို မျက်​နှာငယ်​​လေးနဲ့ အားနာ​နေသလို Xaio Zhanလည်း ရှုပ်​​ထွေး​နေလို

••အင်​ ဘာမှမဟုတ်​​တော့ဘူး MaMa Pin လုပ်​စရာရှိတာ လုပ်​​တော့ သားကို
သူ့အခန်းလိုက်​ပအုံးမယ်​••
~~ဟုတ်​~~

Xaio Zhan သူ့အခန်းထဲ ​ရောက်​​တော့
သူ့အဝတ်​​တွေက ​နေရာတကျ ထည့်​ထား​လေပြီ

ဒီအိမ်​က အခိုင်းအ​စေ​တွေလည်း မြန်​လိုက်​တာ
အခန်းကလည်း ငါ့အရင်​အိမ်​​လောက်​ရှိ​တော့မယ်​ ကျယ်​ချက်​ ဟူး ဘဝ ဘာ​တွေထပ်​​တွေ့ရအုံးမလဲ မသိ

~~~

Yibo တစ်​​ယောက်​ အက ​လေ့ကျင့်​​နေရင်း အ​တွေးထဲက ပန်းခြံထဲမှာ ခ​လေးနဲ့ ပြုံး​ပျော်​​နေတဲ့ ပစ္စည်းပို့သမားတစ်​​ယောက်​ရယ်​ ခပ်​လှမ်းလှမ်းမှာ ​ငေးကြည့်​​နေတဲ့ လူတစ်​​ယောက်​ရယ်​ သတိမထားပဲ ဖြတ်​တိုက်​သွားတဲ့ အဖြူရိပ်​ရယ်​ ဘယ်​ဘက်​ရင်​အုံကို ကိုင်​​နေတဲ့ တစ်​​ယောက်​ရယ်

သူ့အ​ဖေ​ပြောတဲ့ ""မင်းအ​မေနဲ့ အစ်​ကို လာ​တော့မယ်​ လိမ္မာ​နေ"" ဆိုတဲ့စကားရယ်
စာရွက်​အဖြူကို ဆုပ်​ကိုင်​ပြီး တုန်​​နေတဲ့ လက်​တစ်​စုံရယ်

•••အားးးးးးးးး ထွက်​သွားစမ်း•••

Yibo အ​တွေး​တွေ ရုတ်​ယှက်​ခတ်​လာပြီး အားကုန်​​အော်​ဟစ်​မိ​လေသည်

ဖြစ်​ချင်​​တော့ ဒီလိုညသန်း​ခေါင်​ယံမှာ အကတိုက်​ခန်းမှာ သူတစ်​​ယောက်​တည်း

~~~

At morning;

Mr. Wang တို့ ထမင်းစား​နေတုန်း အိမ်​​ပေါ် အမြန်​တက်​​နေတဲ့ အရိပ်​​လေး​ကြောင့်

''''ဘာလို့ ညက ပြန်​မလာတာလဲ''''

Mr . Wang ရုတ်​တရက်​ ​ပြော​တော့ Zhanတို့ သားအမိ ​လှေကားဆီ အကြည့်​​ရောက်​သွား​လေသည်

•••ကျွန်​​တော်​ မလာချင်​လို့•••
''''ဘာလို့လဲ ဒါက အိမ်​ မင်းရဲ့အိမ်
ဇရပ်​မဟုတ်​ဘူး''''
•••သိတယ်​ သိတယ်​ ကျွန်​​တော်​မလာချင်​ဘူး •••
''''အ​ကြောင်းပြချက်​က''''
•••နာလို့ ဒီကနာလို့ မြင်​​နေရတာက ပိုနာတယ်​•••

Yibo သူ့ ဘယ်​ဘက်​ရင်​အုံကို ထုပြီး​ပြော​လေသည်

''''မရဘူး မင်း​နေ့တိုင်း အိမ်​ပြန်​ရမယ်​ Xaio Zhan တို့သားအမိနဲ့ ရင်းနှီး​အောင်​​နေရမယ်​''''
•••မ​နေဘူး•••
''''​နေရမယ်​''''
•••No Way•••
'''' ငါဘာမှ ​လေမရှည်​ချင်​ဘူး Yibo မနက်​ဖြန်​ ​ကျောင်းသွားရင်​ Xaio Zhanပါ​ခေါ်ခဲ့ သူနဲ့သွား''''
•••မ----•••
''''ဒါ ငါ့အမိန့်​!!!''''

ဒီလိုအချိန်​​တွေမှာ Xaio Zhanတို့သားအမိလည်း စားလက်​စ ထမင်း​တောင်​ ဆက်​မစားနိုင်​ခဲ့ Yibo နဲ့ သူ့အ​ဖေစကားများ​တော့ နှစ်​​ယောက်​သားလည်း စိတ်​မ​ကောင်းဖြစ်​ ဒါ​ပေမဲ့ ဘယ်​လိုတားပြီး ဘယ်​လို​ပြောရမယ်​မှန်း တကယ်​စကားလုံး ရှာမရခဲ့

Mr.Wang သူ့ကို အမိန့်​​ပေး​တော့
နီရဲ​နေတဲ့ ကျားရိုင်းတစ်​​ကောင်​လို မျက်​ဝန်းက ကျွန်​​တော့်​ကို စိုက်​ကြည့်​ပြီး အိမ်​​ပေါ်ကို ​ဒေါသ နဲ့တက်​သွား​လေသည်

ဘဝဟာ​လေ အံ့သြဖို့​တော့ ​ကောင်းသား
ဒီလို ကိုယ့်​ကိုမုန်း​နေတဲ့ လူနဲ့ အသက်​ရှင်​​နေ
ရမယ်​ ဟား ဘာအဆင်​​ပြေမှု​တွေ ရှိပါ​တော့မလဲ

By~L
စိတ်​မကုန်​ကြပါနဲ့​နော်​ ​ခုရှုပ်​ရင်​ရှုပ်​​နေမှာပါ
နောက်​ပိုင်းဆိုနားလည်​လာမယ်​လို့ ​မျှော်​လင့်​ပါတယ်

The People I Shouldn't Fallen ForWhere stories live. Discover now