တစ်​ချိန်​တည်းမှာပဲ ဝမ်းနည်းမှုက သူမရင်​ထဲ လှိုက်​ခနဲ အရင်​တုန်းက ဒီအိမ်​မှာ အရမ်းကို ​ပျော်​စရာ​ကောင်းတဲ့ မိသားစု​လေးရှိတယ်​ 

အ​ဖေဖြစ်​သူက ကုမ္မဏီ ရှင်​ကြီးဖြစ်​ပြီး ​အောင်​မြင်​မှုကလည်း ထိပ်​တန်းက အ​မေဖြစ်​သူဆိုလည်း ကမ္ဘာ​ကျော်​ မင်းသမီးဆို​တော့ ပိုက်​ဆံဆိုရင်​​ ​ပြောစရာမရှိ သား​လေးကလည်း အရမ်းကိုလိမ္မာပြီး ​တော်​လွန်းတဲ့ ခ​လေး​လေး မိခင်​စကားဆို လုံးဝ နား​ထောင်​တဲ့ ခ​လေး​ပေါ့

တကယ်​​ပြောရရင်​ အရမ်းကို ​ပျော်​ရွှင်​ကြည်​နူးတဲ့ အိမ်​​လေးကို ကျွန်​မ ​ကိုယ်​​တွေ့​တွေ့ခဲ့တယ်

ကံကြမ္မာက ရက်​စက်​တတ်​တယ်​ မလား ဒီလိုပဲ တစ်​​နှေ့မှာ အမြဲ ပြုံး​ပျော်​ပြီး ​ပျော်​​နေတဲ့ 5 နှစ်​သားခ​လေးတစ်​​ယောက်​ရဲ့ ဘဝ​လေးကို
ပြင်းထန်​မုန်​တိုင်း​နဲ့ တိုက်​ခတ်​ခဲ့​လေတယ်

ကျွန်​မ​ရှေ့က သခင်​​လေးလိုပဲ သူအမြဲ ​ပျော်​​နေတဲ့ ခ​လေး ဖြူစင်​စွာ သူကျွန်​မကို ပြုံးပြတတ်​တယ်​ ဒါ​ပေမဲ့ သူ့အ​မေမရှိ​တော့တဲ့ ​နောက်​ပိုင်းမှာ​တော့ ထိုအပြုံးတို့က အရင်​လို အသက်​မဝင်​​တော့

••MaMa Pin သားကို ဘာလို့ အဲ့​လောက်​ ကြည့်​​နေရတာလဲ ••
~~သခင်​​လေးက အရမ်းချစ်​စရာ​ကောင်းလို့ပါ Mr~~

•ဟား ငါ့သား​တော့ လူချစ်​​ပေါတာ​ဟေ့••

အားလုံး ပြိုင်​တူရယ်​ကြ​လေသည်​ ဒီလို​ပျော်​စရာ​လေး​တွေ ​နေ့ရက်​တိုင်းမှာ ပြည့်​​နေရင်​ အ​ကောင်းသား

••အော်​ ဒါနဲ့ သား​ကော MaMa Pin••
~~သခင်​​လေးက--~~

ပါး အ​မေး​ကြောင့်​ MaMa Pin မျက်​နှာ သိသိသာသာ ပျက်​သွားပြီး ​သူ့အသံပါ သိမ်​ဝင်​​နေ​လေသည်

ဒီ​တော့မှ ခုဏ​ပျော်​​နေတဲ့ အ​ခြေအ​နေက ငြိမ်​သက်​လို့

•• ဘာ ကိစ္စ ရှိတာလဲ MaMa Pin••
~~ သခင်​​လေးက မ​နေ့ညကတည်းက Entက​နေ ပြန်​မလာ​သေးပါဘူး~~
••ဘာ သူမ​နေ့ညက အိမ်​မှာ​လေ ကျွန်​​တော်​နဲ့​တောင်​ စကား​ပြော​နေတာ••
~~သခင်​​လေး ညလယ်​​လောက်​မှ သွားတာပါ ကျွန်​မ ဆွဲထားပါ​သေးတယ်​ သူအိပ်​မ​ပျော်​လို့ အကသွား​လေ့ကျင့်​မယ်​ လို့ ​ပြောပြီး ထွက်​သွားတာပါ••
••ဘာ!!••

The People I Shouldn't Fallen ForNơi câu chuyện tồn tại. Hãy khám phá bây giờ