Xaio Zhan တစ်ယောက် ကွေ့ကောက်ရာ တောင်ရာလမ်းအတိုင်း ဖြေးဖြေးသာ စက်ဘီးလေးနဲ့ ဆင်းလာလေသည်
သူက ငြိမ်သက်အေးချမ်းသလောက် သူ့ဘေးမှာ ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ်ကတော့ လီဗာဆုံးမောင်းနှင်နေသည့်အလား မြန်လွန်းလှလေသည်
°°ဟင်း လူတွေနော် ကိုယ့်အန္တရာယ်ကို ဖိတ်ခေါ်တယ်°°
ကြီးမား ကျယ်ပြန့်လှသော ခြံဝန်းတစ်နေရာမှာ ယာဉ်ထားရာ တန်း၌ မော်ဒယ်မြင့် ဆိုင်ကယ်တစ်စီး လာရပ်သည်နှင့် သော့ကို စောင့်ယူနေသည့် ဝန်ထမ်းလည်း ရှိနေလေသည်
သူလည်း ဆိုင်ကယ်ပေါ်က ဆင်းတာနဲ့ ဆံပင်ထဲ လက်ထိုးဖွ အိမ်ထဲရောက်တော့ ဆိုဖာပေါ် အလုပ်များနေတဲ့ အဖေကိုတွေ့လေသည်
နှလုံးသားကတော့ စကားပြောချင်ပေမဲ့ မာနက ခွင့်မပြုတော့ သူခပ်တည်တည်နဲ့ ဘာမှ ဂရုမစိုက်သလို အိမ်ပေါ် တက်မယ်အလုပ်
""ပါးနဲ့ ပြောဖို့စကားတောင် မရှိဘူးလား Yibo!!""
သူ့အဖေ အသံနှိမ်နှိမ်နဲ့ အော်တော့မှ သူပြန်လှည့်လာပြီး
"' မရှိပါဘူး"'
"" Yibo!! ဟင်း မနက်ဖြန် မင်းအမေနဲ့ အစ်ကိုရောက်လာတော့မယ် လိမ္မာနေပါ""
"'ဟဟ ဟ ကျွန်တော်မှာ အမေမရှိဘူး အစ်ကိုကလည်း ဝမ်းကွဲ ရှီချန်ပဲ ရှိတယ် "'
""Wang Yibo!!! မင်း!!!""
သူဒေါသထွက်လာလို့ Yiboကို အော်မလို့လုပ်တော့ စိုစွတ်နေတဲ့ သားမျက်လုံး နာကျင်နေသော သားမျက်ဝန်း တုန်ရီနေတဲ့ သားနှုတ်ခမ်း နှိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ပတ်အစုံ
သူသားကို နားလည်ပါသည် တစ်နေ့တော့ သားသူ့ကို နားလည်လာမှာပါ
သူတစ်ဖက်လှည့်သွားတော့မှာ Yibo အခန်းထဲ ပြေးတက်သွားလေသည်
~~~
မား
°မားရဲ့ အားZhanလေး ပြန်လာပြီလား လာထမင်းစားမယ်°
Xaio Zhan တစ်ယောက် ထမင်းစားရင်း ဘေးဘီဝှေ့ကြည့်တော့ သပ်ရပ်နေတဲ့ ပတ်ဝန်းကျင် ပြီးတော့အထုပ်အပိုးတွေ
•မား သားတို့ တကယ် သွားတော့မှာလား•
°°ဟုတ်တယ်သား သားမေမေကို နားလည်ပေးပါနော် သား°°
•သားမေမေကို ယုံပါတယ် သားမေမေက သားကောင်းဖို့ပဲ တွေးတဲ့လူ
သားအမိနှစ်ယောက် ပွေ့ဖက်မျက်ရည်ကျရင်း မနက်ဖြန်နေသစ်ကို စောင့်ကြိုနေရော့မည်
#WangYibo
#Xaiozhan
အသစ်လေးပါ ဖတ်ပေးကြပါအုံး #L
YOU ARE READING
The People I Shouldn't Fallen For
RomanceUnicode ver... မဖြစ်သင့်ဘူး မလုပ်သင့်ဘူး မချစ်သင့်ဘူး မင်းမသင့်တာတွေက အများကြီးပါပဲနော် ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲနော်ဒီနှလုံးသားက မင်းကိုမှ ချစ်နေရတယ်လို့ ငါဘယ်လိုလုပ်ရမလဲ မင်းကိုမချစ်အောင် ငါဘယ်လိုလုပ်ရမလဲ ငါရဲ့နှလုံးသား ဒီမှာ...
~~~1~~~
Start from the beginning
