❤Chocolate love❤

860 116 13
                                    

⚠Zawgyi Font👇👇

Chanyeol တစ်ယောက် ပြာတီပြာယာလမ်းလျှောက်လာသည်
သူဦးတည်ရာက ရှေ့ကုန်တိုက်အကျော်က chocolate Shop လေးဆီ......
လက်ထဲမှာလည်း ကြော်ငြာစာရွက်လေးက တင်းကျပ်စွာကိုင်ဆောင်ရင်း အလျင်လိုနေသလို....
ဟော..... ပြောရင်းဆိုရင်းရောက်ပြီ
"Aeri "ဆိုတဲ့ ဆိုင်းဘုတ်လေးက ထင်းလို့.....
......
.
.

ကလင် ...ကလင်...
တံခါးကမြည်လာတဲ့ ဘဲလ်သံလေးနှင့်အတူ တစ်စုံတစ်ယောက်ဝင်လာသည်

လှည့်ကြည့်လိုက်တော့
နီညိုရောင်ကုတ်အင်္ကျီနှင့် ရှည်လျားသောအရပ် ပိုင်ဆိုင်ထားသောကောင်လေးတစ်ယောက်..
သူ၏ မျက်မှန်ဝိုင်းလေးက သူနဲ့လိုက်ဖက်စွာဖြင့် သူမျက်လုံးတွေ ဘောင်ကွပ်ထားသကဲ့သို့....
အနည်းငယ်ဘေးသို့ကားသော သူ့နားရွက်လေးက နီမြန်းနေသည်..

Baekhyun အတန်ကြာသူတစ်ပါးကိုကြည့်ပြီးကာမှ

"ဧည့်သည် ဆိုင်မဖွင့်သေးပါဘူးဗျ"

Baekhyun တစ်ယောက်ပြောလိုက်ပေမဲ့ ထိုသူကတော့
စာရွက်တစ်ရွက်ကိုင်ရင်း သူ့ကိုသာကြောင်ကြည့်နေသည်

ပြီးမှအသိဝင်လာကာ သူလက်ထဲမှ ကြော်ငြာစာရွက်ကိုထိုးပြကာ

"အဲဒါလေး...ဒီဆိုင်က ကြေညာဟုတ်ပါတယ်နော်"

Baekhyun လည်း ကြေညာကြည့်လိုက် ထိုသူကိုကြည့်လိုက်နှင့်ဖြစ်နေသည်

"ဟုတ်ပါတယ်ဗျ "

"ဟို...ဟိုလေ ဒီက ချောကလက်လုပ်တဲ့သူနဲ့တွေ့ချင်လို့ဗျ"

Baekhyun လည်း အချိုသာဆုံးပြုံးလိုက်ရင်း

"ဟုက်ကဲ့ ကျွန်တော်ပါဗျ ဘာကူညီပေးရမလဲ ဧည့်သည်"

Baekhyun ပြောလိုက်တော့ မျက်လုံးဝိုင်းဝိုင်းတွေက အရောင်လက်လာကာ

"အညော်စရော် ကျွန်တော်နာမည် Park Chanyeol ပါ ကျွန်တော် ချောကလက်လုပ်နည်းသင်ချင်လို့ဗျ အဲတာ ဒီက sambae ဆီမှာ သင်ယူပါရစေ ငွေဘယ်လောက်ပေးရရ"

ထိုစကားကြောင့် Baekhyun မျက်မှောက်ကျုံကာ

"ဟို ....အားတော့နာပါတယ် ကျွန်တော်က တပည့်လက်မခံဘူးဗျ"

🍫 Chocolate love 🍫 {One Short}Where stories live. Discover now