"Jesus Companyကိုယ်စားပြု ကိုယ်စားလှယ်တစ်ယောက်ထွက်လာခဲ့ပေးပါ...."

renjun ကိုယ်ကိုမတ်ကာ မက်တပ်ထရပ်လိုက်သည်....

ပြောရမည့်stateဆီလျောက်သွားလိုက်ပြီး projectorကနေတဆင့် ကိုယ်တစ်ဆင့်ပြီးတစ်ဆင့်ပြန်လည်ပြင်ဆင်နေတဲ့အကြောင်းအရာတွေကို တင်ပြလိုက်ပြီး ရှေ့ဆက်လုပ်ဆောင်မဲ့လုပ်ငန်းခွဲတစ်ချို့ကိုပါပြည့်ပြည့်စုံစုံပြသလိုက်သည်....

အားလုံးက လက်ခံသလိုခေါင်းတငြိမ့်ငြိမ့်နှင့် တချို့ကလည်း သိချင်တာတွေကိုမေးမြန်းကြသည် ...

မေးမြန်သည်များကို renjunကစိတ်ရှည်လက်ရှည်နှင့်ပြန်ရှင်းပြနေ၏.....

ဘာမှလည်းမပြောပဲလက်ပိုက်လျှက်ငြိမ်သက်စူပုတ်နေတဲ့ တချို့ တချို့သော သူများလည်းရှိနေလေရဲ့

..........................................................

"ကျနော် မေးစရာလေးရှိလို့ပါ....."

အပြုံးချိုချိုလေးနှင့် renjunနဲ့သက်တူရွယ်တူလောက်ရှိတဲ့ကောင်လေးတစ်ယောက်ဆီမှအသံထွက်လာ၏

စောစောကတည်းက မရိုးသားတဲ့မျက်ဝန်းတွေနဲ့ renjun့ကိုမကြာခနကြည့်ကြည့်နေတဲ့ကောင်လေး.....

ကိုယ်တစ်ယောက်လုံးရှေ့ထားပြီး ဒီလိုမျိုးလာလုပ်နေတဲ့ပုံစံက jaeminကိုစိတ်အနှောက်အယှက်ဖြစ်စေတာအမှန်....

အတင့်ရဲလိုက်တာ ....

"မေးပါခဗျ..!"

ခဗျားကဘာလို့ပြုံးနေရတာလဲ......?haung renjun!

"ကျနော်တကယ် အံ့သြသွားခဲ့တာ....jesusကို သူေဋ္ဌး jaeminသိမ်းယူလိုက်တုန်းကဆို စုတ်ပျက်နေတဲ့companyကြီးကိုဘယ်လိုစိတ်ကူးနဲ့များသိမ်းယူသလဲပေါ့...လတ်စသတ်တော့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့လူတစ်ယောက်ရှိနေတာကို..... ခဗျားကိုတကယ်သဘောကျတယ်အတွင်းရေးမှူးhaung....!"

ဒါဘာစကားလဲ.....?

"ခဗျားကတကယ်တော်တဲ့လူပဲ ....ခဗျားလိုလူတော်တစ်ယောက်ရအောင် ဝန်ထမ်းခေါ်ရင် ဘယ်လိုအချက်အလက်မျိုးနဲ့ခေါ်ယူရမလဲ...? အကြံပေးပါဦးဗျ...."

"အာ....အဲ့ဒါကတော့....."

ကိုယ့်ကိုချီးကျူးတဲ့သဘောဖြင့်မေးတဲ့မေးခွန်းဆိုပေမဲ့ renjunတကယ်ဘယ်လိုပြန်ဖြေရမှန်းမသိပေ ...လည်ပင်းကိုလက်တစ်ဖက်ဖြင့်ပွတ်လိုက်ရင်း အနေခက်စွာ တစ်ဖက်လူကိုပြုံးပြလိုက်ပြီး သင့်တော်မဲ့အဖြေတစ်ခုပြန်ပေးမည်အပြု

My Ocean💦Where stories live. Discover now