နိုဘယ်ရဲ့ မျက်နှာထားတင်းတင်းနဲ့ ကြည့်ခံရသည့် ကောင်မလေးတော့ စိတ်ထဲ ခံရခက်နေမလားမသိ..

_______________________

ဒီနေ့ စာအုပ်ဆိုင်တွေဘက်ကို သွားပီး ဘာစာအုပ်တွေ အသစ်ထွက်လဲ ကြည့်ရင်းနှင့် စာအုပ်အဟောင်းဆိုင်လည်းသွားပီး သူမလိုချင်တဲ့စာအုပ် ရပီလားဟု မေးရင်း မြို့ထဲ တစ်ပတ်ပတ်ရန် တခေတ်ပန်း တွေးလိုက်သည်။

ဒါကြောင့် စောစော(မနက်7နာရီခွဲ)ထလိုက်ပီး ရေချိုးခန်းထဲဝင် အသည်းအသန် ရေဝင်ချိုးပီး ဗီဒိုထဲက သခွားရောင်ပြောင်ပေါ်မှာ အဖြူရောင်ပန်းပွင့်များကြဲထားတဲ့ ဝမ်းဆက်လေးကို ထုတ်ဝတ်လိုက်သည်။

ထို့နောက်မှန်တင်ခုံဘက်သွားကာ သူမ မျက်နှာလေးကို ပြင်ဆင်လိုက်သည်။

Foundation လေးလိမ်း ပေါင်ဒါ ပါးပါးလေးပုတ်လိုက်ပီး မျက်ခုံးမွှေးမထူမပါးလေးကိုသေသပ်သွားအောင် မျက်ခုံးမွှေးဆွဲတံလေးနဲ့ အနည်းငယ်ထပ်ဖြည့်ပီးနောက် မျက်ခွံမို့မို့လေးပေါ် လိမ္မော်ရောင်ကာလာဖျော့ဖျော့လေးထပ်တိုးတင်လိုက်သည်။

စင်ဖြောင့်နေတဲ့နှာတံလေးကြောင့် နှာတံဆွဲစရာတော့မလိုတော့ပေ...

ပြီးနောက် ငယ်ငယ်ထဲက မေမေတို့က အရှည်ထားခိုင်း၍ တင်ပါးကျော်ကျော်ထိရောက်နေတဲ့ဆံပင်တွေကို တရုတ်ကြက်ပေါင်ကွင်းနှစ်ကွင်းပူးပီး အပေါ်သို့ ခပ်မြှောက်မြှောက်လေး စီးနှောင်လိုက်သည်။

အပေါ်မှ ထပ်လောင်းပီး အဝတ်စအသွင်ဆောင်ခေါင်းစီးကွင်းကြီးနဲ့ ထပ်စီးလိုက်တော့မှ အပေါ်ကို မြှောက်စီးထားတဲ့ဆံပင်လေး ခပ်တောင့်တောင့်လေးဖြစ်သွားသည်။ဒီလိုလေးစည်းထားမှသာ အောက်ခံသရေကွင်းပြတ်တောင် အပေါ်က ကာဗာထားထားတဲ့ကြိုးရှိသေးတော့ ပြီမကျသွား...ဆံပင်ဖားလျားချပီးမနေတတ်တဲ့ တခေတ်အတွက် ဒီအတိုင်းလေးက အဆင်ပြေစေသည်။

မိတ်ကပ်ဆံပင်ပြင်ဆင်ပီးတဲ့နောက်မှာတော့ ကြိုးပိုးအိတ်အနက်ရောင်လေးကို လွယ်ရင်း အိမ်အောက်ထပ်ကို ဆင်းလာသည်။အောက်ထပ်ရောက်တော့ မေမေရော ကိုကိုကြီးရောကို ရှာလိုက်တော့ နောက်ဖေးဘက်မြက်ခင်းပြင် ပြင်ဆင်နေခြင်းမှာ အလုပ်ရှုပ်နေကြသည်။လွှတ်လပ်ပီဆိုတဲ့အတွေးလေးတွေးမိပြီးနောက် တခေတ်ရဲ့ကားသော့လေးချိတ်ထားတဲ့နေရာလေးကို တစ်ချက်ကြည့်လိုက်တော့ သော့လေးက ရှိနေသည်။

You've reached the end of published parts.

⏰ Last updated: Jan 20, 2021 ⏰

Add this story to your Library to get notified about new parts!

I Am.....Where stories live. Discover now