မူလကတည်းက နီထွေးနေတဲ့နှုတ်ခမ်းကို ပိုင်ဆိုင်ထားတာကြောင့် အခုလိုနေ့မျိုးဆို အထူးတလည်နှုတ်ခမ်းနီဆိုးစရာမလို...

မျက်နှာပြင်ဆင်မှုအပိုင်းကဏ္ဍပြီးမြောက်သွားနောက် သူမရဲ့ တင်ပါးထိတိုင် ထိနေတဲ့ဆံနွယ်များကို အပေါ်ယံတစ်လွှားခွဲစီးလိုက်ပီး အပေါ်မှ ဖဲပြားကလပ်အကြီးကြီးတစ်ခုနှင့်ပါ ထပ်ညပ်လိုက်သည်။

မှန်ကို တစ်ချက်ပြန်ကြည့်ပိးနောက်မှာတော့

ပြင်ဆင်မှုအပိုင်း လုံးဝပြည့်စုံသွားပီလေ..

မှန်ထဲမှာ လာပေါ်နေသည့် သူမရဲ့ ပါးကွက်နှင့် ရိုးရှင်းတဲ့ပုံစံကို ကြည့်ရင်း အေးချမ်းလှတဲ့ အပြုံးချိုချိုတစ်ချက်ဖြင့် ကိုယ့်ကိုကိုယ်အရင်ဆုံး ပြုံးကြည့်လိုက်သည်။

ထို့နောက် အမွေးပွဘေးလွယ်အိတ်အသေးလေးကိုလွယ်၊ဂစ်တာအိတ်ကိုရော လွယ်ကာ သူမသွားလိုတဲ့ မိဘမဲ့ဂေဟာကိုသွားရန် ဘတ်စ်ကားစီးရဦးမည်ဖြစ်တာကြောင့် လမ်းထိပ် ဘတ်စ်ကားဂိတ်ထိ လမ်းလျှောက်လာလိုက်သည်။

ဘေးက ဆူညံသံတွေကို မကြားလိုတာကြောင့် နားကြပ်ကိုတပ်လိုက်ပီး

ED Sheeranရဲ့ perfectသီချင်းလေးကို နားထောင်ရင်းနှင့် လမ်းလျှောက်လာလိုက်သည်။

နိုဘယ်ပဲ ကံကောင်းသည်လားမသိ ဒီနေ့မှ နိုဘယ် ကားဂိတ်ကို ရောက်ရောက်ချင်းမှာပဲ ဘတ်စ်ကားက စောင့်နေစရာမလိုဘဲ ရောက်ရှိလာသည်။

ဒါကြောင့် နားကြပ်ကို ဖြုတ်လိုက်ပီး ကားပေါ်ကိုအတက် အနောက်ကနေ ဘတ်စ်ကားပေါ် ပြေးတက်လာတဲ့ ကောင်မလေးကြောင့် နိုဘယ်မှာ ကားပေါ်ရောက်ပီးမှ အနောက်ကနေ ဝင်တိုက်မှုကြောင့် အရှေ့ကိုအရှိန်ဖြင့် ရောက်မှန်းမသိရောက်သွားရသည်။

နိုဘယ်လည်း စိတ်ထဲ ဆတ်ကနဲ့ဖြစ်သွားကာ သူမအနောက်က ကောင်မလေးကို လှည့်ကြည့်မိတော့ မျက်နှာငယ်လေးနှင့်

*တောင်းပန်ပါတယ်* တဲ့လေ...

နိုဘယ်လည်း လူတွေနှင့် အရောမဝင်ချင်တာရော စိတ်လည်းရှုပ်ထွေးသွားတာကြောင့် ဘာမှ ပြန်မပြောဘဲ မျက်နှာထားတင်းတင်းနဲ့သာတစ်ချက်ကြည့်လိုက်ပီး အရှေ့သိုသာ ပြန်လှည့်နေလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jan 20, 2021 ⏰

Add this story to your Library to get notified about new parts!

I Am.....Where stories live. Discover now