MXTX၏ ဇာတ်ကောင်များ စုဝေးပွဲ (1)

1.3K 90 20
                                    

တစ်ရံရောအခါက နေ့စဉ်နေ့တိုင်း ညခင်းတောလိုက်နေရခြင်းအား ပျင်းရိလာခဲ့သော ရီလင်းသခင်သည်ကား အပျင်းပြေရန် တစ်စုံတစ်ခုအား အသည်းအထန် စဉ်းစားနေခဲ့၏။

ပုံမှန်ပျင်းရိလျင် မေတ္တာဖက်ဟန်ကွမ်းကျွင်းအား ကလူမြူလျက် အပျင်းဖြေစွဲရှိသော်ငြား
ယနေ့မူ ကိုယ်ခန္ဓာက စိတ်သွားတိုင်း ကိုယ်မပါခဲ့......။ ရီလင်းသခင် ဝေ့ဝူရှန်းသည်ကား ကျင်းအဆောင်တော် ကုတင်နန်းထက်မြန်းလျက် မျက်မှောင်ကုပ်ကာ အပျင်းပြေမည့်နည်းလမ်းအား အသည်းအသန်စဉ်းစားနေခဲ့၏။ ဗျပ်စောင်းသံလွင်လွင် တီးသည့် တစ်မိုးအောက်တစ်ယောက် ဟန်ကွမ်းကျွင်းသည်ကား ချစ်ရသူ၏မျက်မှောင်ကြုပ်မှုအား ရိပ်စားမိလာ၍ အမေးရှိလာ၏။

"ဘာဖြစ်တာလဲ?"

"လန်ကျန့်~~ ငါ ပျင်းတယ်ကွာ ပျင်းလို့သေတော့မယ် ဘယ်လိုလုပ်ရမလဲ?"

ကုတင်ပေါ်၌လူးလှိမ့်လျက် ညည်းညူပြနေသော ဝေ့ဝူရှန်းအား လန်ဝမ့်ကျီသည် ချစ်မြတ်နိုးသည့် အပြုံးရေးရေးဖြင့် ရှု၏။ ထို့နောက် ထိုင်ရာမှထရင်း ဝေ့ဝူရှန်းအနားချည်းကပ်လျက် ကုတင်ခြေရင်း၌ ထိုင်ချသည်။ ထိုအခါ ကုတင်ထက်လူးလှိမ့်နေသည့် ဝေ့ဝူရှန်းသည်ကား လန်ဝမ့်ကျီပေါင်အထက် ခိုနားအိပ်စက်ရင်း မည်မျှပျင်းရိကြောင်း ညည်းညူပြနေပြန်ပါ၏။

"ငါသေလောက်အောင်ပျင်းနေတယ် ဘယ်လိုလုပ်ရမလဲ လန်ကျန့်!"

"စစ်ကျွေးတို့မရှိလို့လား?"

"မဟုတ်ပါဘူးကွာ~ ငါကိုကဒီတိုင်းနေရင်းနဲ့ကို ပျင်းလို့ အရည်ပျော်တော့မလိုပဲ။ အာ ဟုတ်သားပဲ လန်ကျန့် ငါတို့ဟိုစုံတွဲတွေဆီသွားလည်လို့မရဘူးလား?"

ဝေ့ဝူရှန်း၏ အရောင်တလတ်လတ် ရွှေမဟာအကြံအား နဂိုမူလ အင်းတစ်လုံးကိုယ်တော် လန်ဝမ့်ကျီသည်ကား ဝေးလွန်းတယ်ဟူသည့် စကားသာ တုံ့ပြန်၏။ ဝေ့ဝူရှန်းသည်ကား ချွဲ၍တဖုံ ဆန္ဒပြ၍တဖုံ အမျိုးစုံပြုလျက် ကြံဆောင်နေသည့်နောက် ဝေ့ဝူရှန်းမည်သည်နှင့် အရည်ပျော်ပြီးနှင့်သော ရေခဲစိုင်ကိုယ်တော်သည်ကား လက်ခံလိုက်ရပေတော့၏။

You've reached the end of published parts.

⏰ Last updated: May 29, 2020 ⏰

Add this story to your Library to get notified about new parts!

||Unrivaled Endearment||Where stories live. Discover now