နောင်တ

30 1 0
                                    

ကျွန်မဟာအိမ်မှာအငယ်ဆုံးဆိုပေမဲ့အရမ်းအတ္တကြီးသလို
တစ်ကိုယ်ကောင်းဆန်တယ်တဲ့ ပြောကြတယ်အချိန်တွေကိုအလကားသက်သက်ထိုင်ဖြုန်းနေတတ်တယ် ကျွန်မအဖေကအမြဲပြောတယ်အချိန်ကိုအကြိုးရှိအောင်သုံးတဲ့

တနေ့တနေ့ကျွန်မရဲ့အချိန်တွေဟာဖုန်းနဲ့တင်ကုန်ဆုံးနေတတ်တယ် ကျွန်မကိုတိုင်လည်းဖုန်းမကိုင်ရရင်မနေနိုင်ဘူး

ဖုန်းကိုင်မဲ့အချိန်လေးတစ်ဝက်လောက်သာစာကျက်ခဲ့ရင်ဂုဏ်ထူးတွေပါလောက်တယ်ဆိုပြီးအမြဲတွေးပြီးနောင်တရတတ်တယ် အခုချိန်ထိလည်းမပြုပြင်နိုင်သေးဘူး

လူတစ်ယောက်ရဲ့အကျင့်ကိုပြင်ဖို့ဆိုတာသိပ်ကိုခက်ခဲတယ်
မနက်တိုင်းကော်ဖီသောက်နေကြလူကဒီနေ့မနက်ကော်ဖီမသောက်ရရင်တစ်ခုခုလိုနေသလိုလိုပဲ နေမရထိုင်မရဖြစ်နေတတ်တယ်

အဲ့လိုပဲမကောင်းတဲ့ကျွန်မအကျင့်တွေကိုပြင်ဖို့လည်းအရမ်းခက်ခဲနေတယ် ဖုန်းကိုင်ပြီးgameဆော့တဲ့တစ်ချိန်လုံးမငြီးငွေ့သလိုတနေကုန်တနေကန်း မျက်လုံးတွေတောင်ကိုက်တဲ့အထိဆော့မိတယ် ဖုန်းကိုင်တဲ့အချိန်လေးတစ်ဝက်လေးပဲစာကျက်ကြည့်တယ်လုံးဝစာမကျက်ခြင်သလိုငြီးငွေ့လာတယ်

ကျွန်မကိုကျွန်မပြန်သုံးသပ်မိတယ်

ကျွန်မအတွက်အကျိုးမရှိသလိုဘယ်သူ့အတွက်မှအကျိုးမရှိတဲ့
ကိစ္စတော်တော်များများကို အချိန်ကုန်ခံပြီးလုပ်နေတာလားဆိုတဲ့အတွေးတွေဝင်လာတယ်

အဲ့အတွက်ကျွန်မတို့ကိုယ့်ကိုကိုပြုပြင်ရမယ်ဆိုတာသိလာတယ်

ကျွန်မgameဆော့ဖို့fb igသုံးဖို့ဖြည့်နေတဲ့billတွေဆိုအများကြီး ဘာမှလည်းအဖတ်မတင်ခဲ့ဘူး

Billဖြည့်မဲ့ပိုက်ဆံစုပြီးကျွန်မစာအုပ်တွေဝယ်ဖြစ်လာတယ်

အဓိကပြုပြင်ရမှာကကျွန်မတို့အတွက်စိတ်ပဲ ကျွန်မတို့စိတ်ကိုပြောင်းလဲပေးနိုင်မဲ့စာအုပ်တွေ ခွန်းအားပေးတဲ့စာအုပ်တွေ အရှုံးတွေပဲရင်ဆိုင်နေရရင်တောင်ပြန်လည်ရပ်တည်လာနိုင်အောင် လမ်းညွှန်တဲ့စာအုပ်တွေကိုကျွန်မတို့များများဖတ်သင့်တယ်

စာအုပ်စာပေလူ့မိတ်ဆွေတဲ့
စာအုပ်တစ်အုပ်ဟာလည်းသင့်ဘဝကြီးကိုပြောင်းလဲသွားနိုင်ပါတယ်

အမြဲတမ်းလုပ်သင့်တာတွေမလုပ်ခဲ့ပဲလုပ်ခြင်တာတွေလုပ်
ခဲ့ပြီးမှ နောင်တ ရနေမဲ့အစား

ဖြစ်သင့်တာကိုဦးစားပေးပြီး
ဒီနေ့ပဲစတင်လုပ်ဆောင်ဖို့

စာဖတ်သူတွေကိုအကြံပေးခြင်ပါတယ်နော်

နောက်ကျတယ်ဆိုတာမရှိပါဘူး
နေ့ရက်တိုင်းမှာသင့်ကြိုးစားနိုင်စွမ်းရှိပါတယ်

(cibberz)

You've reached the end of published parts.

⏰ Last updated: Sep 23, 2019 ⏰

Add this story to your Library to get notified about new parts!

Myself💜Where stories live. Discover now