||S I X ||

4.1K 484 34
                                    


ဆယ်ဟွန်း ဆေးရုံကဆင်းလာပြီးနောက် အိမ်မှာ နားဖို့
ကို မင်ဆော့တယောက် မနည်းတွေ ချော့ပြောယူရ၏ ။
သူတို့နှစ်ယောက်ကတော့ တယောက်နဲ့တယောက် အ
နားယူဖို့ကို ချော့တလှည့်ခြောက်တလှည့် ကလေးတွေ
လို ပြောနေကြတယ် ။

လုံလုံလောက်လောက် အနားယူပြီးနောက် ဆယ်ဟွန်း
တယောက် ပုံမှန်လိုပင် အလုပ်ကိုသွားနေပြီဖြစ်သည် ။
ဆယ်ဟွန်းတို့မိသားစုလဲ မင်္ဂလာပွဲတပွဲတော့ အလုပ်ရှုပ်
နေချိန်ဖြစ်နေ၏ ။ အစ်မ ဂျီဟွန်းရဲ့ လက်ထပ်ပွဲက သိပ်
မကြာခင် ကျင်းပတော့မှာမို့ ။ အစ်မဂျီဟွန်း ကတော့
ကွဲကွာသွားခဲ့တဲ့ ချစ်ရသူနှင့် ပြန်ဆုံတွေ့ပြီး လက်ထပ်
တော့မည်။ဒီတကြိမ်တော့  သူဋ္ဌေးကြီးက မကန့်ကွက်
တော့ဘဲ ကြည်ကြည်ဖြူဖြူ လက်ခံပေးခဲ့ပြီ  ။

"  အစ်မကတော့ ပျော်နေမှာပဲ "

အစ်မအကြောင်းတွေးမိရင်း ပျော်နေမဲ့ ပုံစံလေးကိုပါ
တွဲမြင်ယောင်ကာ ပြုံးမိသည်။သဘောကောင်းတဲ့အစ်မ
က ပျော်ရွင်ရတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ရမှာပါ ။

"  အချစ်ကော ကိုယ်နဲ့ လက်ထပ်တုန်းက ပျော်လား "

ဆယ်ဟွန်း ဝတ်ဖို့ အင်္ကျီထုတ်ပေးလိုက်ရင်း မင်ဆော့
ပြုံးကာ ဆယ်ဟွန်းကို  မော့ကြည့်လိုက်တယ် ။

"  ပျော်တာပေါ့  မပျော်ဘဲနေပါ့မလား  ဆယ်ဟွန်းရာ "

မပျော်ဘဲ နေပါ့မလား  ။ ကိုယ် ချစ်ရတဲ့သူနဲ့ လက်ထပ်
ပွဲကို  မပျော်တဲ့သူ ရှိပါ့ဦးမလား ။ ဘယ်လောက်ထိပျော်
ရွင်ရတဲ့ အခိုက်အတန့်လဲဆိုတာကို ပြောပြလို့တောင် မ
ရနိုင်တဲ့အထိ  ပျော်ရွင်ခဲ့သည် ။

" အစ်မလဲပျော်မှာပေါ့ သူချစ်ရတဲ့သူနဲ့လက်ထပ်ရမှာပဲ
လေ အစ်မ တအားကို ပျော်နေမှာ "

မောင်ဖြစ်သူလေးကတော့ အစ်မရဲ့ လက်ထပ်ပွဲကို ဝမ်း
ပန်းတသာ ဂုဏ်ပြုပေးနေတယ် ။ တယောက် နဲ့ တစ်
ယောက် ချစ်ကြတဲ့ မောင်နှမနှစ်ယောက် ။ ကောင်း
လိုက်တာ ဆယ်ဟွန်းမှာ အစ်မဂျီဟွန်းလို သဘော
ထားပြည့်ဝတဲ့ အစ်မ တယောက်ရှိတာ ကောင်းလိုက်
တာ ။

C . A.  F.  M. [ Marriage's Sweetness ]♥ Where stories live. Discover now