"အဟွတ်​!!"

ရှေး​ခေတ်​သည်​ ကြိတ်​ရယ်​မိ၏။ ဒီစကားအ​ဖေသာကြားလျှင်
ဆွေ့​ဆွေ့ခုန်​​နေ​ပေလိမ့်​မည်​။သူရယ်​​တော့ သူမက မျက်​​မှောင်​​လေးကြုတ်​လျက်​ကြည့်​လာသည်​။ ဒီ​တော့မှ ပြုံးစိစိဖြစ်​​နေမိသည်​ကို ရပ်​၍  ​မှေး​သောမျက်​ဝန်းတို့ဖြင့်​ သူမကို ပြူး၍ကြည့်​​နေလိုက်​သည်​။ သူမက​တော့ သူ့ကို မျက်​​စောင်း​လေးထိုးလျက်....​ပြောလက်​စ စကားကို ဆက်​​လေသည်​။

"ကျွန်​မနာမည်​က ပန်သစ္စာပါ ဦးဥက္ကာ​ကျော်​ရဲ့ သမီး​လေ ​"

ထို့​နောက်​ လက်​မှနာရီ​လေးကို ​မြောက်​ကြည့်​ရင်း......

"အခုက ရှစ်​နာရီဆို​တော့ အင်​...​နောက်​နှစ်​နာရီ​လောက်​ဆို ရှင်​နဲ့ကျွန်​မ ​စေ့စပ်​ရ​တော့မယ်​...ကျွန်​မက ရှင်​နဲ့ ​စေ့စပ်​ချင်
လွန်းလို့​တော့မဟုတ်​ပါဘူး ဘဝင်​မြင့်​​နေတဲ့ ရှင့်​အ​ဖေက လက်​မခံရင်​ ကျွန်​မတို့ မိသားစုကို လမ်​​ဘေး​ရောက်​​အောင်
လုပ်​မယ်​ဆိုလို့ မတက်​သာလို့ လက်​ခံလိုက်​ရတာ ​တော်​ကြာ
ရှင်​လည်း ရှင့်​အ​ဖေလို ဘဝင်​မြင့်​​နေမှာစိုးလို့ ​ကြို​ပြောထားတာ "

မျက်​​လုံး​လေး​ထောင့်​ကပ်​လျက်​ ခပ်​စွာစွာ ​ပြော​နေ​သော
ကောင်​မ​လေးအား သူ​တွေ​ဝေစွာပင်​ကြည့်​​နေမိသည်​။ မိန်​က​လေး ဖြစ်​​သော်​ငြား သူမသည်​ သွက်​လက်​ ထက်​မြတ်​သည့်​ပုံ​ပေါ်ပါသည်​။ ပွင့်​ပွင့်​လင်းလင်း ​ပြောဆိုတတ်​ပုံလည်း ရသဖြင့်
သူ ​စေ့စပ်​ပွဲအတွက်​ စိတ်​သက်​သာရာရသလို ဖြစ်​မိသွားပါသည်​။

"မင်းနာမည်​က ပန်​သစ္စာ ဟုတ်​လား"

"ဟုတ်​တယ်​ "

"​သြော်....ဒါနဲ့​လေ ကိုယ်​နဲ့လက်​ထပ်​မှာကို မင်းတကယ်​သ​ဘောတူတာလား ငြင်းဖို့မကြိုးစားဘူးလား"

"​ပြောပြီးပြီ​လေ ရှင့်​အ​ဖေ​ကြောင့်​ပါဆို"

"​သြော်​!!!"

Anawar (Completed) Where stories live. Discover now