ဒီနေ့သည် သူ့အဖို့ စိတ်ပျက်ဖွယ် နေ့တနေ့ဖြစ်သည်။
အိပ်ယာထနောက်ကျသဖြင့် အလုပ်လည်း နောက်ကျသွား
သည်။
အလုပ်ရောက်တော့လည်း
တိုက်တိုက်ဆိုင်ဆိုင် Boss က Checking ဝင်
နေတာနဲ့ကြုံလေသည်။
အဆိုးဆုံးမှာ ခါးပိုက်အနှိုက်ခံရခြင်းဖြစ်သည်။ ခါတိုင်းဆို
ပိုက်ဆံအိတ်နှင့်ဖုန်းကို လက်ထဲမှာ ကိုင်ထားလေ့ရှိပေမဲ့
ဒီနေ့ကျမှ ကျောပိုးအိတ်ထဲထည့်ထားမိသည်။
သူ နောက်ကျမယ့်အကြောင်း မာတူး ထံ ဖုန်းဆက်ပြောနေ
တုန်း အလစ်ငိုက်ဖမ်းကာ နှိုက်သွားခြင်းဖြစ်သည်။
ပိုက်ဆံများများစားစား မသယ်တတ်သူမို့ ပြောပလောက်
အောင်တော့ပါမသွား။
Gym ကိုရောက်တော့ Boss က သူ့ကို မျက်မှောင်ကြုတ်
ကြည့်နေတာနဲ့ တန်းတန်းမတ်မတ်တိုးသည်။
" နောက်ကျ လှ ပါလားကွ ဟေ "
" တခါတလေ ပါဗျာ ဒါနဲ့ boss ဘာလာလုပ်တာလဲ "
" အောင်မာ ငါ့အလုပ်တောင် ငါမလာရတော့ဘူးလား "
သူ boss ကို နှုတ်ခမ်းတချက်မဲ့ပြမိသည်။
" မသိရင်ခက်မယ် အပေါ်ထပ်က မမမြင့်ကိုလာ
ချောင်းတာမလား "
Boss က အနာပေါ်တုတ်ကျသွားကာ သူ့ကို တစ်သျူးလိပ်
နှင့်လှမ်းပေါက်သည်။ ပြီးတော့ တဖြဲဖြဲရယ်နေလေရဲ့။
" လကုန်ရင် Trip သွားမယ် Branch လေးခုလုံးက
လူတွေအကုန်စုသွားမယ်ကွာ ငါအဲဒါလာတိုင်ပင်တာ "
" ဝိုး ဝိုး ပွတာပဲ တကယ်ပြောတာနော် boss ပြီးမှ စိတ်
ပြောင်းမသွားနဲ့ "
ခရီးထွက်ရမည်ဆိုလျှင် အလွန်တက်ကြွသော စိုင်းရှေး ရဲ့
အသံက ထိပ်ဆုံးကနေ တစာစာဖြစ်နေ၏။
Boss က သူတို့ကို ဝန်ထမ်းလို မဆက်ဆံ။ အထူးသဖြင့်
စိုင်းရှေး တို့ မာတူး တို့ဆိုတာCertificate ပေါင်းများစွာ
ပြိုင်ပွဲအတွေ့အကြုံပေါင်းများ
စွာရှိတဲ့ကောင်တွေမို့ boss မျက်နှာပေးခြင်းခံရသူမျာထဲပါ
သည်။
Gym ပေါင်းများစွာက လိုချင်နေသော ထရိန်နာ ကောင်း
တွေကို Boss က Family Type ပုံစံ အုပ်ချုပ်ခြင်းဖြင့်
အပိုင်ချုပ်ထားလေသည်။
ESTÁS LEYENDO
Blue Ocean
De Todo🌸 အချစ်ဆိုတာ ထူးဆန်းတယ်နော် အစ်ကို 🌸 🍀 ငြီးငွေ့ဖို့လည်းကောင်းသေးရဲ့ 🍀 🌼 ပန်းလေးပွင့်တာစောင့်ကြည့်ပြီးရင်ခုန်ရသလိုပဲဆို🌼 🌺 တစ်ခါတစ်လေ ကျွန်တော်တွေးမိသေးတယ် 🌺 ☘ အသည်းကွဲဖူးချင်လိုက်တာ လို့လေ ..... ☘
