ရမ္မက် - အပိုင်း (၄)

Start from the beginning
                                    

အဲဒီညမှာတော့ စွီကတော်က ယွင်ချန်အတွက် နှုတ်ဆက်ညစာစားပွဲကျင်းပပေးတယ်။ စားသောက်ပြီးကြတော့ ယွင်ချန်ကအင်ကြင်းကို ခုနစ်ကြိုးတပ်စောင်းတီးပြဖို့ တောင်းဆိုတယ်။ အင်ကြင်းရဲ့လက်သံကို လူမမြင်ရဘဲ တစ်ခါနဲ့ သူတို့ရင်းနှီးကျွမ်းဝင်မှုမရှိကြသေးခင် တစ်ခါပဲ ကြားဖူးတာကိုး ။ ဒါတောင်အဲဒီတုန်းက အင်ကြင်းစောင်းတီးနေတုန်း သူအနား ကပ်သွားမိတော့ ငေါက်ကနဲထထွက်သွားလိုက်တာ ပြန်ကိုပေါ်မလာတော့ဘူး ။ အခုတော့ ယွင်ချန် သွားခါနီးလာခါနီးမှာ အလိုလိုက်ရှာတဲ့အနေနဲ့ အင်ကြင်းကစောင်းကိုထုတ်လာတယ်။ စောင်းရဲ့ရှေ့မှာ ကိုယ်ကလေးညွတ်ပြီး ထိုင်နေတဲ့အင်ကြင်းရဲ့ ပုခုံးပေါ်ကို ဝဲဖြာကျနေတဲ့ ဆံနွယ်ခွေခွေလးတွေကိုငေးနေရင်း ယွင်ချန်မှာ မခွဲနိုင်မခွာရက်ြဖစ်ရပါတယ်။ အင်ကြင်းကတော့ 
သူ့မူပိုင်ဟန်အတိုင်းပဲ တည်တည်အေးအေးလေးနဲ့ “တိမ်ဝတ်လွှာရုံကကြိုးရဲ့ နိမိတ်ပုံ”ဆိုတဲ့ တေးသွားတစ်ပုဒ်ရဲ့ ခြေဆင်းကိုစတီးတယ်။

တင့်တယ်လှတဲ့စောင်းတီးသူကလေးကို ကြည့်ရင်း ယွင်ချန်မှာနားဝင်ပီယံရှိလှတဲ့ လက်သံကို ခံစားမယ်လို့လုပ်တုန်းရှိသေးတယ်.. အင်ကြင်းဟာရုတ်တရက်ငိုချလိုက်ပြီး အခန်းထဲကနေ ပြေးထွက်သွားပါလေရော။ သူ့မယ်မယ်က နှစ်ခါသုံးခါခေါ်သေးပေမဲ့ ထွက်မလာတော့ပါဘူး။ ဒါနဲ့ ညစာစားပွဲကို အဆုံးသတ်လိုက်ရပြီး ယွင်ချန် နောက်တနေ့မှာ အင်ကြင်းကိုနှုတ်ဆက်ခွင့်မရပြန်ပဲ နေပြည်တော်ကို ပြန်သွားရပြန်တယ်။ ယွင်ချန်ကတော့ ပထမတော့လွမ်းနာကျလို့ သေလုမျောပါးပေါ့။ အဲဒီနောက်ပိုင်းတော့ ယွင်ချန်နဲ့အင်ကြင်းဟာ တစ်ခါလားပဲ ထပ်တွေ့ကြတော့တယ်။ ယွင်ချန်က နန်းတွင်းအရည်အချင်းစစ်စာမေးပွဲ ကျရှုံးလေတော့ သူ့ကတိစကားအတိုင်း အင်ကြင်းဆီ ပြန်လာပြီး နားဖောက်ဖို့ မရဲတော့တာလဲပါမှာပေါ့လေ။ အင်ကြင်းကတော့ ယွင်ချန်ရဲ့မေတ္တာကို လုံးလုံးသံသယမရှိဘဲ စောင့်မြဲစောင့်တယ်။ အရှက်ပြေသွားရင်တော့ သူ့ကိုလာတွေ့မှာပဲလို့ ထင်နေရှာတာကိုး။ လာချင်ရင် အနီးလေးပေမဲ့ လုံးလုံးပေါ်မလာတဲ့ သူကို အပြစ်မမြင်ဘဲ စောင့်မြဲစောင့်နေတာပဲ။

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now