အပိုင်း ၇

Start from the beginning
                                    

" ကျွန်တော်က အလုပ်ကြမ်းလုပ်နေတာမှမဟုတ်တာ ။ အလွန်ဆုံးချွေးလောက်ပဲထွက်တော့ ဆပ်ပြာတိုက်ရင်ရပြီလေ။ ကြေးတိုက်ဖို့က ကျွန်တော်စိတ်မရှည်လို့ "

" တော်တော် ညစ်ပတ်တဲ့ကလေး ........."

" ဗျာ ....... ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တယ် ........."

ဘောင်းဘီဝတ်နေတန်းလန်းပင် ဝေဟင်အခန်းပြင်ဖက်ကို ခေါင်းပြူးကာ တစ်ဖန်ပြန်မေးလာတော့ ကိုလေးပင် စောစောက သူဝေဟင်ကို ကလေးလို့ခေါ်လိုက်မိတာလားဆိုပြီး ပြန်တွေးမိသွားသည် ။ မမှတ်မိတော့ဘူး ............ သူ့ကိုယ်သူ ညဏ်ကောင်းတယ်ထင်ထားတာ ။

" မင်းကြားတဲ့အတိုင်းပဲ ........ ငါကိုယ်တိုင်တောင် ဘာပြောခဲ့မှန်း သတိမရတာ ။ အ၀တ်စားမြန်မြန်လဲ ..... ငါတို့ Bus နဲ့သွားရမှာ "

" ဟီး ..... ဟုတ် ..... ပြီးပြီ "

Giordano တံဆိပ် ဂျင်းအပျော့သားကို ၀တ်ဆင်လျှက် ကြယ်သီးကို ကမန်းကတမ်းမြန်ဆန်စွာတပ်ကာ ဝေဟင်အခန်းထဲက ထွက်လာသည် ။ ရေစိုနေသည့် ဆံပင်တွေကို သေချာမဖီးလိမ်းဘဲ လက်နဲ့သာ ဖွလိုက်ကာ သူ့ရဲ့ကျောပိုးအိတ်ကို ရှာလိုက်သည် ။

" အဲ့မှာရပ်နေ ......... မင်းဟာလေ နည်းနည်းမှ သပ်သပ်ရပ်ရပ်မရှိဘူး ။ ဒါကိုတောင် မင်းကို အလုပ်ခန့်တဲ့သူက ရှိသေးတယ် ။ ငါသာ မန်နေဂျာဆို မင်းကိုထုတ်ပစ်တာကြာပြီ "

" ဟမ် ........ ဘာလို့ "

" ကြယ်သီးတွေက စောင်းစောင်းရွဲ့ရွဲ့နဲ့ ..... အပေါ်အောက်မညီတာ သေချာမကြည့်ဘူး ။ ဒီလိုအသေးအဖွဲလေးမှာတောင် ပေါ့ပျက်ပျက်လုပ်တတ်ရင် တကယ့်လုပ်ငန်းကြီးတွေမှာ မင်းဘယ်လိုတာဝန်ယူနိုင်မှာလဲ "

ကိုလေး ပွစိပွစိပြောရင်း လက်က ဝေဟင်ရဲ့ အင်္ကျီပေါ်ရောက်လာကာ နေရာလွဲနေတဲ့ ကြယ်သီးတွေကို ပြန်စီပေးရန် အပေါ်ဆုံးအလုံးကနေ ဖြုတ်ကျလိုက်သည် ။

နှစ်ဦးသာ အနေအထားက နီးကပ်သွားပြီးနောက် ကိုလေးတော့ မသိ ၊ ဝေဟင်ကတော့ အောက်စီဂျင်လိုအပ်နေပြီ။ သူ အသက်အောင့်ထားမိတာလား မသိလောက်အောင် အသက်ရှူမမှန်ဖြစ်နေရှာသည် ။ Shit , .... ဒီနေ့မှ သူ အထဲက စွပ်ကျယ်ထပ်ဖို့ မေ့နေခဲ့တာ ။ ရှက်လိုက်တာ ။

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now