အပိုင်း(၂၃)(Z&U)
Начните с самого начала
အိမ်ပေါ်တက်သည့်လှေကားနားမရောက်ခင်မှာပင် ခွန်မင်းက နောက်ပြန်လှည့်ကြည့်ကာ ချူပ်ထိန်းထားရသည့် အသံဖြင့် ဆိုသည်။ အိမ်ထဲက လူကြီး နိုးသွားမည်ကိုလည်းစိုးရိမ်နေသည့်ဟန်။
"မျက်--မျက်နှာ မမြင်ချင်ဘူးဆိုတော့. ဟို ကျွန်တော်က ဒီ အိမ် က ထွက်သွားပေးရမှာလားဟင်."
မျက်ရည်အဝိုင်းသားဖြင့်မျက်နှာကို ခွန်မင်း တစ်ချက်ကြည့်ပြီးမှ မျက်နှာလွှဲလိုက်သည်။
"ကျူပ် အဲ့လောက်မရက်စက်ပ.။ဧည့်သည် တစ်ယောက်ကို နှင်ထုတ်ရလောက်အောင် ကျူပ်တို့ မရိုင်းရော့ဘူး.။နောင်ငယ် စိတ်ရှိသလောက် နေနိုင်ပ။သို့ပေမယ့် ကျူပ်နဲ့ဝေးဝေးနေလေရော့။နောက်ပြီး လှသူဇာနဲ့မင်္ဂလာရက်ကိုလည်း ကျူပ် ရှေ့တိုးအမြန်ဆုံးဆောင်ရွက်မယ်ပ။"
ခွန်မင်း ထိုမျှသာ ဆိုကာ အိမ်ထဲဝင်သွားလေပြီဖြစ်သည်။ရှောင်တဲ့နည်းလမ်းပေါ့လေ။ ပြီးတော့ မိသားစုဝင်လို့ ဆိုခဲ့ဖူးတယ် လေ.။ခုတော့ ဧည့်သည်တဲ့လား။ အချိန်တန် အိမ်ပြန်ရမည့်သဘောကို ခွန်မင်း က ပညာသားပါပါ ဆိုသွားသည်ပဲ။ ဒါဆို နောင်ငယ် က မျက်နှာပြောင်တို်က်ပြီး ခိုကပ်နေရမည်လား။ခုနက ခွန်မင်းအကြည့်တွေထဲ စာနာစိတ်သေးသေးလေးကို ဖမ်းမိလိုက် သည်ကြောင့် စိတ်ပြန်တင်းလိုက်သည်။
သူ ကြင်နာလေသမျှပေါ့။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မင်္ဂလာပွဲသည် ဒီအပတ်ထဲတွင်ပင် ကျင်းပမည်ဟု အဘက အသိပေးလာခဲ့သည့်အခါ လှသူဇာ ဆောက်တည်ရာ မရဖြစ်သွား သည်။ ချစ်ရသူကိုလည်းမျက်နှာချင်ဆိုင်မေးချင်ပေမယ့် သူက ရှောင်နေသည်ထင်။ တစ်ချိန်လုံးရှောင်နေပါသော သီဟနှင့် ညနေခင်း ရေခပ်ချိန်တွင် တည့်တည့်တိုးသည်။ တမင်ကို ညနေစောင်းကာမှ လာသည်ကို သီဟ မြင်လိုက်တာ လှသူဇာ သိ သည်။ထို့ကြောင့် စိတ်ပူတတ်သော သီဟ က လိုက် လာ မည်ဟု တွက်ဆထားပြီးသားဖြစ်၏။ အနားရောက်လာ တော့ လှသူဇာ ပွေ့ထားသည့် ရေအိုးကိုလက်လွှဲယူပေး သည်။