Ep - 28

12.3K 1.3K 66
                                    


Unicode

'' ညံ ကုန်အောင်စားလေ ''

'' တော်ပြီ။ ငါဗိုက်ပြည့်နေပြီ ရေးရ ''

ပန်းကန်ထဲ ထည့်ပေးထားတဲ့ ထမင်းက သိသိသာသာ လျော့သွားခြင်းမရှိသေး။ စားလက်စကို လက်စသတ်ပစ်နေသူ။ သုံးလေးဇွန်းလောက် စားပြီး ဗိုက်ပြည့်တယ်ဆိုတော့ ...။

'' ထမင်း မစားချင်လို့လား။ ငါ ခေါက်ဆွဲ ပြုတ်ပေးရမလား။ ဒါမှမဟုတ် မင်းစားချင်တာ ပြောလေ။ ငါလုပ်ပေးမယ် ''

'' တကယ်ပြောတာလား ''

'' အင်း ''

ခေါင်းညိတ်ပြရင်း ဖြေမိတော့ သဘောတကျ
ပြုံးရွှင်သွားသူလေး။ မျက်ဝန်းလွှာတို့ အမိအရ ပုံရိပ်ဖမ်းမိတော့ ရင်တစ်ခုလုံး တသိမ့်သိမ့် ခုန်လို့ မြူးလို့။

နံနက်ခင်းရဲ့အဖွင့်က သိမ်သိမ်မွေ့မွေ့လေးနဲ့ သေသေသပ်သပ်ကို လှပနေသယောင်။ ဖန်တီးပေးသူသည် မျက်ဝန်းညိုတစ်စုံကို ပိုင်ဆိုင်ထား၏။ သိမ်မွေ့သည့် လှပနူးညံ့ခြင်းကို ဖန်တီးနိုင်စွမ်းရှိသူ။ သူကိုယ်တိုင်တွင်တော့ သိမ်မွေ့ခြင်းဆိုတာကိုပင် မေ့လျော့နေတတ်၏။ သူ့ထံ၌  နူးညံ့ခြင်းတို့ ရှိမနေ။ သို့ပေမဲ့ နူးညံ့ခြင်းအား ခံစားသက်ဝင်စေ၏။ သူသည် မေတ္တာသစ္စာစကားတို့အား ဖွဲ့နွဲ့ခြင်း အလျင်းမရှိ။ သို့ပေမဲ့ သူ့ထံ၌ အနန္တ မေတ္တာတရားတို့သည် အားကောင်းစွာပင် ကိန်းအောင်းနေ၏။

'' တော်ပါပြီ။ မစားချင်တော့ဘူး ''

ပြုံးရိပ်သဲ့သဲ့က စက္ကန့်ပိုင်းမျှသာ။ ပြုံးခြင်းအရာ၌ ရင်းနှီးကျွမ်းဝင်ခြင်း မရှိရလေအောင် စည်းဘောင်တွေနဲ့ ကာရံထားချင်သူ။

'' ကိုရာဇ ဖုန်းဆက်တယ်မလား ရေး ''

ညံနဲ့ မျက်နှာချင်းဆိုင်တည့်တည့်တွင် ဝင်ထိုင်ကာ ဆိုလာသူ။ ရင်သွေးငယ် သမီးတော်ကတော့ မျက်နှာမူရာတွင် နေရာယူလျက်။

'' မနက်ဖြန် ပြန်ရောက်မယ် ပြောတယ်။ မင်း ဦးလေးလည်း အလည်လိုက်လာမယ်တဲ့  ''

'' ကျွန်တော့်ကို ဖေဖေ အကုန်ပြောထားပါတယ် ''

'' မင်းသိပြီးပြီဆိုတာ ငါလည်း ခန့်မှန်းပြီးသားပါ။ ဒါပေမဲ့ ဒီဝိုင်းမှာ မသိသေးတဲ့သူ ရှိသေးတယ်လေ။သူလည်း ဒီအိမ်မှာ ခုချိန်ထိ ကပ်နေ,နေတာပဲ။ ဒီအိမ်က သတင်းအနည်းအကျဉ်းလောက်တော့ သိထားရမှာပေါ့။ ဟုတ်တယ်မဟုတ်လား ညံ ''

If YouWhere stories live. Discover now