ထိုအမျိုးသားသည်​ သူ​မောင်းနှင်​လာသည့်​ကားကိုပင်​ သူ​တွေ့ရှိ​သော အလင်း​နေရာ၌ ဖြစ်​သလိုပင်​ထိုးထားခဲ့ကာ သူ၏ မိန်းမဖြစ်​သူကို ​ပွေ့ချီ၍ ​ဆေးခန်းငယ်​ဟုထင်​ရ​သော​နေရာသို့လျင်​မြန်​​သောအနှုန်းဖြင့်​ ​ပြေး​လေ​သည်​ ဗိုက်​ကြီးသည်​အမျိုးသမီးတစ်​ဦးကို​ပွေ့ချီလာမြင်​ရ​သော ခ​လေးငယ်​တစ်​ဦးက သူ၏​နောက်​၌ရှိ​သော အခန်းငယ်​ထဲကိုဝင်​သွား​လေပြီး ပြန်​ထွက်​လာ​တော့ ထိုခ​လေးငယ်​​နောက်​၌ လူ​ရေသန့်​ ​ယောက်ျားတစ်​ဦးနှင့်​ မိန်းခ​လေးတစ်​ဦးမှာ အသဲအသန်​​ သူ၏ အနားသို့​ပြေးလာကျသည်​။
"ကူပါဦးဗျာ ကျွန်​​တော့်​မိန်းမ ​မွေး​တော့မလားမသိဘူး ကူညီကျပါအုန်း"
"ဟုတ်​ကဲ့ ကျွန်​​တော်​က မြို့နယ်​ကျန်းမာ​ရေးမူးပါ အခုအဆင်​​ပြေပြီမို့ လူနာရှင်​လဲစိတ်​​လျော့ပါ ဆရာမ ဒီလူနက ​ရေမွှာ​ပေါက်​​နေပြီ တစ်​ခါထဲ​မွေးဖို့ပြင်​ပါ ​မောင်​​ထွေး မင်းကလဲ မင်းရဲ့အ​ဒေါ်တစ်​​ယောက်​​လောက်​သွား​ခေါ်ချည်​ ပြီး​တော့ ခုနက​ရောက်​လာတဲ့​မွေးလူနာကိုလဲ ​ရေမွှာ​ပေါက်​ပြီလားသွားကြည့်​​ချေ ကဲဆရာမ လာကျွန်​​တော်​တို့ ဒီလူနာကို အရင်​​မွေးဖို့ပြင်​ရ​အောင်​ လူနာရှင်​ကပဲ ဒီလူနာကိုသယ်​ခဲ့ပါ ​တော်​ကြာခ​လေးတစ်​ခုခုဖြစ်​သွားမယ်​"
"ဗျာ...ဟုတ်​..ဟုတ်​ကဲ့ခဗျ"
သူတို့မယ်​ ​မွေးဖွားခန်းထဲ​သို့​ရောက်​​တော့ လူနာမယ်​ ​ချွေးစီး​ချွေး​ပေါက်​များစွာဖြင့်​ သတိလစ်​လုမတက်​ပင်​ ကျန်းမာ​ရေးမူးနှင့်​သူနာပြု​လေးမှာမူ ထိုလူနာနှင့်​အပြိုင်​​ချွေးဒီးဒီးကျ​နေလျက်​ရှိသည်​။
"ကျန်းမာ​ရေးမူး ဟိုဘက်​ခန်းကအ​ဒေါ်ကြီး​ရေမွှာ​ပေါက်​သွားပြီ အဲ့တာဘယ်​လိုလုပ်​မလဲ ကျွန်​​တော့်​အ​ဒေါ်လဲ အဲ့အခန်းထဲမှာ အ​ဒေါ်​ပြောလိုက်​တာ ​မွေး​တော့မယ်​တဲ့ လုပ်​ပါအုန်း"
"ဟာ ဒီမှာလဲ ​မွေး​တော့မှာကွာ မထူးပါဘူး ကဲ ဆရာမ ဆရာမက ဟိုဘက်​အခန်းမှာ သူ့အ​ဒေါ်နဲ့​မွေး​ပေးလို့အဆင်​​ပြေလား"
"ဒီအချိန်​မှ မထူးပါဘူး ရတယ်​ဆရာ ကျွန်​မ​မွေး​ပေးလိုက်​မယ်​ ဒီဘက်​ကိုက​ကောဆရာ အဆင်​​ပြေပါ့မလား"
"ကျွန်​​တော်​လဲမသိ​တော့ဘူးဗျာ အဆင်​​ပြေ​အောင်​လုပ်​ရမှာပဲ ​မောင်​​ထွေး မင်းလဲဒီအ​ခြေအ​နေကြုံဖူးတာပဲ လိုအပ်​တဲ့ အနီး​တွေ ပစ္စည်း​တွေ ယူလာ​ပေးလဲ့ ကြားလား"