စိတ်​အစဉ်​က အစိုးမရချိန်​ လွတ်​ထွက်​သွား​သော ​တောက်​​ခေါက်​သံ​ကြောင့်​သူ့ ​နောက်​ကလိုက်​လာသည့်​ လူယုံနှစ်​​ယောက်​ က ပြာပြာသလဲ ဖြစ်​ကုန်​ကြသည်​။ စိတ်​ကို တည်​ငြိမ်​​အောင်​ပြန်​လုပ်​ရင်​ ပွင့်​လာ​သော ဓာတ်​​လှေကားထဲ ဝင်​လိုက်​သည်​။ ဓာတ်​​လှေကား ထဲ ​ရောက်​​တော့ ​သူ့​နောက်​ကပါလာသည့်​ လူယုံနှစ်​​ယောက်​ အား .......

"ခုနက ​တွေခဲ့တဲ့ ​ကောင်​​လေး အ​ကြောင်း အကုန်​သိချင်​တယ်​ ခုချက်​ချင်း စုံစမ်း!!!!"

"ဟုတ်​ကဲ့ "

ဦး​ကျော်​​ဇောအ​ပြောကို လူယုံနှစ်​​ယောက်​က ချက်​ချင်းပင်​ ​ခေါင်းညိမ့်​အ​ဖြေ​ပေးလိုက်​​သော်​လည်း ဦး​ကျော်​​ဇော မျက်​နှာထက်​ ခက်​ထန်​မူက ​လျော့ကျမသွား​ပေ။မေးရိုးနှစ်​ဘက်​ကို ​ထောင်​လာ​အောင်​ အံ့ကိုတင်​တင်းကြိတ်​ရင်း  ပါလာ​သော ​နေကာမျက်​မှန်​ အား တပ်​ဆင်​လိုက်​ပြီး အက္ခရာ  ကုမ္ပဏီ မှ ထွက်​လာခဲ့လိုက်​ပါ​တော့သည်​။

ငါးနှစ်​​လောက်​ကြာပြီပဲ ပြီးသွားသင့်​ပြီမဟုတ်​ဘူးလား....
ပြသာနာ ကိုမီးခွက်​ထွန်းရှာတဲ့လူ​တွေ.......................
ဒီ​ခေတ်​ ​ကျော်​​ဇော်​ အ​ကြောင်း ပြရ​သေးတာ​ပေါ့.........

___________________။___________________

နွေး​ထွေး​သော ရင်​ခွင်​ကျယ် ​တစ်​ခုထဲ ​ရောက်​​နေသလို ခံစားချက်​​ကြောင့်​ အသိစိတ်​တချို့ နိုးထလာကာ မှိတ်​ထား​သော မျက်​လုံး​လေး​တွေကို မပွင့်​တပွင့်​ ဖွင့်​ကြည့်​မိသည်​။ သူ့ခန္ဓာကိုယ်​​လေးအား ​ပေါ့​ပေါ့ပါးပါး ပင်​ ​ပွေ့ချီထား​သော ဒီ​ခေတ်​ရဲ့ မျက်​နှာ ခပ်​​ချော​ချော ကို မြင်​လိုက်​ရသဖြင့်​ နှလုံးသားတစ်​ခုလုံး
ခုန်​​ပေါက်​ထွက်​​တော့မလို ဖြစ်​သွားရသည်​။

ဒီ​ခေတ် ကဘာလို့ ငါ့ကို ချီထားရတာလဲ ။ အာ.....ရှက်​လိုက်​တာ ...ငါ့မျက်​နှာ ဘယ်​နားသွားထားရပါ့မလဲ။ ဒီအချိန်​ မျက်​လုံးဖွင့်​လိုက်​ရင်​ နှစ်​​ယောက်​လုံးအတွက်​ အဆင်​မ​ပြေ​တွေ
ဖြစ်​ကုန်​ ​တော့မှာပဲ ။....မဖြစ်​​သေးဘူး.....ငါဘာလုပ်​ရမလဲ။

Anawar (Completed) Where stories live. Discover now