" Eyyy!!! ဆရာကလည်း သူ့လိုကောင်ကို
ရှေ့ဆုံးတန်းမထားသင့်ပါဘူး ။ ဟိုမရောက်
ဒီမရောက်ကောင် "

သူတို့အတန်းဖော်တစ်ဦးမှသူ့အားထိုးနှက်
လာသောစကားတချို့ ။ သူကသာအတန်းဖော်
ဟုသတ်မှတ်ပေမဲ့ အတန်းထဲကလူတွေကတော့
သူ့အားကပ်ရောဂါစွဲနေသည့်လူအလား
ရှောင်ကြဖယ်ကြသည် ။ ခဏခဏထိုးနှက်ခံရ
သောစကားလုံးရင့်သီးသီးတို့ကြားတွင်လည်း
သူနေသားကျနေခဲ့ပြီလေ ။

* ဒီလိုအချိန် ထယ်ထယ့်ဘေးမှာ ပါပါးရှိနေရင်
သိပ်ကောင်းမှာပဲနော်... *

" နေပါဦး ။ ကျောင်းသားကဘာကိစ္စသူ့ကို
အဲ့လိုခေါ်ရတာလဲ? "

" ဆရာမသိဘူးလား ။ သူက Hybrid လေ ၊
လူလဲမဟုတ် ၊ အကောင်လဲမဟုတ်နဲ့ အီးဟီးး!!
တွေးရင်းနဲ့တောင်ကြက်သီးတွေထတယ် "

စားပွဲပေါ်သို့ဝုန်းခနဲထုချလိုက်သောစာအုပ်သံ
ကြောင့်တစ်ခန်းလုံးတိတ်ဆိတ်သွားလျက် ။
တင်းမာသွားသောဆရာ့မျက်နှာကြောင့်
တစ်တန်းလုံးအနည်းငယ်တော့လန့်နေကြသည် ။
အခုအချိန်မှာနေရအခက်ဆုံးကတော့
ထယ်ယောင်းလေးပင် ။ သူ့မှာဆရာကခေါ်
ထားသည်မို့လက်လေးပိုက်ရင်းမတ်တပ်ရပ်နေ
ရသည်လေ ။

* ပါပါးရယ်... ထယ်ထယ်ကြောက်တယ် *

" နောက်ဆုံးက ကလေးလေး ၊ လာခဲ့ ဒီရှေ့တန်း "

ကြောက်ပေမဲ့လည်းအမိန့်ဆိုတော့
လက်လေးပိုက်ပြီးလှုပ်တုပ်လှုပ်တုပ်နှင့်
ရှေ့ဆုံးတန်းကိုလျှောက်လာရသည် ။
ဆရာကပါသူ့ကိုဒီအတန်းထဲက
လူတွေလိုပြောတော့မှာလား...

" ဒီရှေ့မှာထိုင်နော် ကလေး ။ နောက်ပြီး...
ဟိုကျောင်းသား! "

" .... "

" သူဟာ့သူဘာပဲဖြစ်နေဖြစ်နေ သူဟာမင်းတို့ရဲ့
အတန်းဖော် ၊ သူငယ်ချင်းလေ ။ နောက်တခါ
ဒီကလေးကိုအဲ့လိုမျိုးပြောသံတွေကြားရင်
ဆရာကိုယ်တိုင်ပြောတဲ့လူကို ရုံးခန်းအရောက်
ပို့မယ် ၊ ကြားလား အားလုံး! "

ဆရာကသူ့ဘက်ကရပ်တည်ပေးခဲ့တယ်...
ဒီကျောင်းမှာသူ့ကိုအခုလိုအရေးတယူ
ဆက်ဆံပေးသည်မှာ ဂျီမင်ပြီးရင်ဆရာသာ
ရှိပေသည် ။ ပါပါးသာသိရရင်အရမ်းပျော်မှာ...
သူသေချာပေါက်ဒီအကြောင်းကို ပါပါးအား
ပြောပြဦးမှာပါ ။

PURPLE || KV || ✔Onde histórias criam vida. Descubra agora