"ခေါင်းဆောင် ...အောက်မှာ သခင်လေးပြန်ရောက်နေပြီ"
"JungKook လား"
"ဟုတ်ကဲ့...ပြီးတော့..."
Hoseok လက်ထောက်တစ်ယောက်ရဲ့စကားကိုတောင် မစောင့်တော့ပဲ အောက်ထပ်သို့ဝမ်းသာအားရပြေးဆင်းလာခဲ့သည်။
"Hyung! "
"JungKook!... "
သူတို့တစ်ယောက်ကိုတစ်ယောက် ပြေးဖက်လိုက်ကြသည်။
"JungKook မင်းတောင်ဒီအရွယ်တောင်ရောက်လာပြီ"
"Hyung ကလည်းအချိန်တွေဒီလောက်တောင်ကြသွားပြီပဲကို"
"Hyung...Hyung ကိုပြောစရာရှိသေးတယ်။ နောက်ထပ်လူနှစ်ယောက် ပါလာသေးတယ်"
JungKook ရဲ့စကားသံအဆုံး သူတို့ရှိရာသို့လျှောက်လှမ်းလာသည့် လူနှစ်ယောက်ကြောင့် သူ့ရင်ခုန်သံတွေမြန်လာသည်။
"မတွေ့တာကြာပြီနော် Hoseok"
"အ-အင်း Hyung! "
JungKook လည်းသူတို့ကိုကြည့်ရင်း အခြေအနေကိုသဘောပေါက်တာနဲ့ ထိုနေရာမှအမြန်ဆုံးရှောင်ရန်စဉ်းစားလိုက်သည်။
"Hyung ဒါနဲ့ Tae ရော သူဘာလို့ကျွန်တော့်ကိုထွက်မတွေ့တာလဲ "
"သူ အခန်းထဲမှာ မင်းသူ့ကိုစောင့်ရှောက်လိုက်ပါဦး"
"Tae ဘာဖြစ်တာလဲ"
"နောက်မှ ပြောကြတာပေါ့"
JungKook လည်း TaeHyung ရှိရာအပေါ်ထပ်သို့အမြန်တက်လာခဲ့သည်။ အခန်းတံခါးဖွင့်တာနဲ့မြင်လိုက်ရတာက ဖြူဖျော့နေသည့် TaeHyung ရဲ့မျက်နှာပင်...
"Tae... Tae ဘယ်လိုဖြစ်ရတာလဲ"
TaeHyung ရဲ့ဆံနွယ်လေးတွေကို နဖူးပေါ်သပ်တင်ပေးလိုက်ရင်း သူတိုးတိုးဆိုလိုက်သည်။
TaeHyung ရဲ့လက်မောင်းက ဒဏ်ရာနဲ့ ရင်ဘက်ကဒဏ်ရာတွေကိုကြည့်ရင်း သူဒေါသထွက်လာသည်။"Tae ကိုကာကွယ်ပေးမယ်လို့ပြောပြီး ကျွန်တော်ဂတိမတည်နိုင်ခဲ့ဘူး"
JungKook က TaeHyung ရဲ့ဒဏ်ရာတွေကြည့်ရင်း စိတ်မကောင်းဖြစ်နေမိသည်။ သူနေရာမှထကာ ဒဏ်ရာတွေကိုဆေးကြောရန် ရေဇလုံနဲ့အဝတ်ယူပြီး ဖြေးဖြေးချင်းသုတ်ပေးလိုက်သည်။ လက်မောင်းမှ ဒဏ်ရာကိုအရင်ဆုံး ရေဝတ်နဲ့သုတ်ပေးလိုက်တော့ TaeHyung ဆီမှအသံထွက်လာသည်။ သူပြုံးလိုက်ပြီး ဖြေးဖြေးချင်းဆီသုတ်ပေးလိုက်သည်။
လက်မောင်းကိုသုတ်ပေးပြီးတော့ သူ့လက်တွေက TaeHyung ရဲ့ရင်ဘတ်ဆီသို့ဦးတည်လိုက်သည်။ ဖြူဖွေးနေတဲ့ ရင်ဘက်ပေါ်မှာ ဒဏ်အရာအချို့ကနေရာယူထားသည်။ သူဖြေးဖြေးချင်း ရင်ဘက်ကိုသုတ်ပေးနေပေမယ့် သူ့လက်တွေကသိသိသာသာတုန်ရီနေသည်။