ကျောင်းပြီးလို့အိမ်ပြန်ရောက်သောအခါ...
" အမေရေ..ကျွန်တော်ပြန်ရောက်ပြီနော်..''
" အေးအေး...နားလိုက်အုံးလေ။''
အမေ့၏အပြောကိုစောင့်ပြီးသျှားစစ်ပိုင်လည်းအိမ်ပေါ်သို့တက်ခါမိမိအခန်းသို့ရောက်သည်နှင့်တစ်ပြိုင်နက်ကုတင်ပေါ်တွင်အရင်ဆုံးလှဲချကာ တစ်နေကုန်ပင်ပန်းထားသမျှကိုမျက်လုံးမှိတ်၍ အနားယူလိုက်သည်။
ပြီးနောက်ရေချိုးမည်ဟုဆုံးဖြတ်ပြီးရေချိုးခန်းထဲသို့ဝင်သွားလေသည်။ရေချိုးခန်းထဲမှအထွက်အဝတ်အစားများဝတ်လိုက်ကာ ကျောင်းက ကျန်နေသောစာများကိုလုပ်မည်ဟုစိတ်ကူးလိုက်ပြီးနောက်စာကြည့်စားပွဲသို့ဝင်ထိုင်လိုက်၏။
ထို့နောက်စာအုပ်ထုတ်မည်ဟုလွယ်အိတ်ကိုဖွင့်လိုက်သည်နှင့်တစ်ပြိုက်နက်...မနက်ကသျှားစစ်ပိုင်နှင့်တိုက်မိခဲ့သောသူ ကျကျန်ခဲ့သည့် ပိုက်ဆံအိတ်အနက်လေးတစ်ခု....
သျှားစစ်ပိုင်လည်း ထိုပိုက်ဆံအိတ်လေးကို ဖွင့်ကြည့်မည်ဟုစိတ်ကူးလိုက်သည်။
သို့သော်ထိုအချိန်တွင်သူစဉ်းစားလိုက်မိသည်။
Sharr's POV:
" ငါသူများပိုင်တဲ့ပစ္စည်းကို အဲ့လူမသိပဲဖွင့်ကြည့်တာတော့မသင့်တော်လောက်ပါဘူးလေ..တော်ပါပြီထားလိုက်ပါတော့။'' ဟုဆိုပြီးထိုပိုက်ဆံအိတ်လေးကိုချလိုက်ကာ ကျန်နေသောစာများကိုလုပ်ရန်စာအုပ်များထုတ်လိုက်သည်။
သို့သော်စိတ်ထဲတွင်ကြည့်ချင်စိတ်တစ်ဖွားဖွားဖြစ်နေ၏။
" ဖွင့်ကြည့်လိုက်မယ်ကွာ..အင်းဟုတ်တယ် အထဲမှာသူ့နာမည်ကဒ်တို့ ဖုန်းနံပတ်တို့ပါရင်ပါနေမှာအဲ့တာကိုကြည့်ပြီးဖုန်းဆက်ခေါ်ပြီးလာယူခိုင်းလို့ရတယ်''
ဆိုပြီးသည်နှင့်တစ်ပြိုက်နက် ပိုက်ဆံအိတ်လေးကိုပြန်ဆွဲယူလိုက်သည်။
ပိုက်ဆံအိတ်ဖွင့်လိုက်သည်နှင့်တစ်ပြိုက်နက်...
" မောင်ဘုဏ်းမြတ်သော် ''
ဟုရေးထားသော လိပ်စာကဒ်လေးကိုသျှားစစ်ပိုင်တစ်ယောက်ကောက်ကိုင်လိုက်သည်။ထို့နောက်
YOU ARE READING
အမုန်း သို့မဟုတ် အရှုံး
Romanceကိုယ့်ကိုနာကျင်စေမှန်းသိတာတောင် သျှားစစ်ပိုင်ဆိုတဲ့ကျွန်တော်က ကိုယ့်ကို နာကျင်စေတဲ့အရာကိုပဲစွဲလမ်းနေမိတာ.... {~~သျှားစစ်ပိုင်~~} ကိုယ်ကလေးကိုအားနာတယ်..။ ကလေးကိုချစ်တယ်လို့ထင်ခဲ့မိဖူးတယ်...။တောင်းပန်ပါတယ်ကလေးလေး ကိုယ့်ကိုဒီတစ်...