အခန်း (၁၁)

Start from the beginning
                                    

"ဘုရားရေ...ငါ ဗိုက်တွေနာလိုက်တာ" ရန်ရှီးနဉ်ပြောပြီး ခါးက အနည်းငယ် ကုန်းသွားသည်။ "စုယွဲ့....ငါ့ကို ရပ်နိုင်အောင် လာကူဦး"

ရန်ရှီးနဉ် လဲကျတော့မလို ဟန်ဆောင်ကာ စုယွဲ့ဂါဝန်ကို လှမ်းဆွဲထားသည်။

ရန်ရှီးနဉ်၏ ဖြူဖျော့နေသောမျက်နှာကို စုယွဲ့မြင်သော်လည်း ထိတ်လန့်ကာ ရန်ရှီးနဉ်အနားကပ်ရမည်ကို မုန်းသည်။ သူမ နောက်သို့ ခြေလှမ်းအနည်းငယ် အလျင်စလို ဆုတ်သွား၏။ သူမနောက်က ဘောင်အမြင့်နှင့်တိုက်မိကာ ဟန်ချက်ပျက်သွားသည်။ ထိုဘောင်အမြင့်ပေါ်တွင် အပြာရောင်ပန်းအိုးတစ်အိုး ဘယ်အချိန်က ရှိနေလဲ သူမ မသိလိုက်။

အပြာရောင်ပန်းအိုးက ယိမ်းယိုင်သွားသော်လည်း ကြမ်းပြင်ပေါ် ပြုတ်ကျမသွားသည်ကို ဖေ့ကျင်း မြင်လိုက်၏။ သူ ရန်ရှီးနဉ်အနား အပြေးအလွှား ရောက်သွားကာ သူ့တံတောင်ဆစ်က ရန်ရှီးနဉ်ဆီ သွားတဲ့လမ်းမှာ ရှိနေသော စုယွဲ့ကို သာသာလေး တိုက်လိုက်၏။

စုယွဲ့ အပြာရောင်ပန်းအိုးကို တိုက်မိကာ ကြမ်းပြင်ပေါ် အစိတ်စိတ်အမွှာမွှာ ကွဲသွားစေတော့သည်။

စုယွဲ့ ပန်းအိုးကွဲအပိုင်းအစများကို ရှောင်လိုက်သည်။ သူမမျက်နှာမှာ ဖြူဖျော့သွားသည်။ အပြာရောင်ပန်းအိုးသည်ကား အရှင်မင်းကြီးချီးမြှင့်ထားသော ပန်းအိုးဖြစ်သည်လေ။ သူမတိုက်မိသောပန်းအိုးမှာ ဖေ့ကျင်း အနှစ်သက်ဆုံးပန်းအိုးလည်း ဖြစ်နေသည်။

"အာ့!" ရန်ရှီးနဉ် သူမဗိုက်ကိုဖိကာ နာကျင်သည့်အသံမျိုးဖြင့် အော်ဟစ်လာသည်။ "စုယွဲ့ နင် ဘာလို့ ငါကို ကူမတွဲတာလဲ"

ရန်ရှီးနဉ်ကို စုယွဲ့ လှည့်ကြည့်မိလိုက်သည်။ ရန်ရှီးနဉ်က ကြမ်းပြင်ပေါ် လဲကျနေပြီး ဖေ့ကျင်းက ရန်ရှီးနဉ်ကို ဖက်ထားလေသည်။

"စုယွဲ့...ဖူးရန် နာကျင်နေတာကို မင်း ဘာလို့ ကူမတွဲတာလဲ" ဖေ့ကျင်းက အပြစ်တင်လိုက်၏။

ဖေ့ကျင်း ကွဲသွားသောအပြာရောင်ပန်းအိုးကို ကြည့်ပြီး သူ့မျက်နှာမှာ မဲမှောင်လာတော့သည်။ "ခမည်းတော် ချီးမြှင့်ထားတဲ့ ပန်းအိုးကို မင်းခွဲလိုက်တယ်"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now