- T H R E E -

94 12 0
                                    

မြင်တွေ့နိုင်ခွင့်ရှိပြီး ဖမ်းဆုပ်ဖို့မသင့်တဲ့
ကြယ်ကလေးကို ပြပါဆိုရင် ညီမ အကို့ကိုပဲ
လက်ညှိုးထိုးညွှန်ပြမိမှာ ။

နာကျင်စရာအတိတ်တွေဆိုရင်လည်း
ညီမ ရွေးချယ်မိတဲ့ တိမ်စိုင်လေးဟာ အကိုပဲဖြစ်နေဦးမှာပဲ ။

အကို့ကို မချစ်တော့ပါဘူးလို့ ညာတော့
ညီမ ဒိုင်ယာရီလေးက ငိုတယ် ။

ညီမကိုယ်ညီမ လိမ်ရတာ ပင်ပန်းတယ် ။
အကို့ကိုမေ့ပစ်ဖို့ ဟန်ဆောင်ရတာက ပိုပင်ပန်းတယ် ။

အကိုပိုင်ဆိုင်တဲ့ ပါးချိုင့်နက်နက်တွေက အစပြုလို့
မျက်ဝန်းညိုညိုတွေအထိ ညီမဟာ ပြိုလဲရပါတယ် ။

မွေးဖွားလာခဲ့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် အကို ။
ညီမကိုချစ်ဖို့မွးဖွားလာခဲ့တာ မဟုတ်ပေမယ့်
ညီမ က အကို့ကိုချစ်ခွင့်ရတယ်မဟုတ်လား ။

တစ်ခါတစ်လေ အလုံပိတ်အခန်းထဲက အခန်းထောင့်လေးမှာ သွားငိုဖြစ်တယ် ။
အကို့ကို လွမ်းတဲ့စိတ်ကြောင့် အခန်းထောင့်နားက ပိုမှောင်တယ် ။

အကို ခဏခဏ ပြောဖူးတယ် ။
ဘယ်တော့မှညီမတို့ကို ထားခဲ့မှာမဟုတ်ဘူးတဲ့ ။

သုံးပွင့်ဆိုင် ဇာတ်လမ်းတွေတိုင်း မင်းသားနဲ့ မင်းသမီးညားကြတဲ့အခါ
ကျန်ခဲ့တဲ့ လူဟာ ဘယ်လောက်နာကျင်ရမယ် ထင်လဲ ။

ဒီလိုပဲပေါ့ အကို ။

အချိန်တန်လို့  အကို့ဆီမှာ ချစ်သူကောင်မလေးဆိုတာမျိုးရှိလာခဲ့ရင်လည်း
ညီမတို့ လက်သင့်ခံရမှာပဲ ။

ညီမတို့က တတ်နိုင်တာဘာမှမရှိဘူးလေ ။

အကိုက သူမကိုချစ်မယ် ။
ညီမက အကို့ကိုချစ်တယ် ။

ရိုးရှင်းပါတယ် အကို ။
ညီမတို့ဟာ အချစ်ကြီးသလောက် အတ္တလည်းကြီးတတ်ကြပါတယ် ။

အကိုချစ်တဲ့သူမကို ညီမ ချစ်မပေးနိုင်သလိုမျိုးပေါ့ ။

အကိုဟာ ပဟေဠိဆန်တယ် ။

ညီမ ဘယ်တော့မှမပိုင်ဆိုင်ရမယ့် အလှပဆုံးသော ဝင်္ကပါငယ်လေး ။

အကိုဆိုတဲ့နွံထဲမှာ နစ်မြုပ်နေရတာကိုပဲ
ညီမဟာ ကျေနပ်မိတာပါပဲ ။

ရုန်းလေ နစ်လေ နဲ့ အကို့ဆီက
လွတ်မြောက်နိုင်မယ့် နည်းလမ်းမမြင် ။

လူလူချင်းတူတာတောင် တခြားမိန်းကလေးတွေကို အားကျရုံပဲ
တတ်နိုင်တဲ့ ညီမက အကို့ဆီရောက်လာဖို့ ဝေးစွ ။

လောလောဆယ်မှာတော့ Screen ပါးပါးလေးကနေသာ
အကို့ကို မြင်တွေ့ခွင့်ရှိသေးပါတယ်တဲ့ ။

အကိုရော နေကောင်းရဲ့လား ဆိုပြီးစိတ်ပူပေးရင်းနဲ့
ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်တတ်တော့ ။

ချစ်တဲ့စိတ်နဲ့ကြည့်ရင် အရာအားလုံးဟာ
လှပနေပါတယ် ။

' Good-Morning ' အကို ။
ညီမအချစ်တွေရောင်ပြန်ဟပ်လို့
အကိုနိုးထမယ့် မနက်ခင်းလေး သာယာပါစေ ။   ။

12.5.3019

BiBirella



You've reached the end of published parts.

⏰ Last updated: May 13, 2020 ⏰

Add this story to your Library to get notified about new parts!

❣ D E F I N I T I O N ❣Where stories live. Discover now