အပိုင်း ၃

Start from the beginning
                                    

နောက်ဖေးလှေကားကနေပင် သူ့အခန်းဆီသို့ပြန်တက်သွားပြီးနောက် အောက်ကရေချိုးခန်းကို မကြာခဏပြန်ငုံ့ကြည့်မိသေးသည် ။ အဝတ်စားချက်ချင်းမလဲသေးဘဲ ကန့်လန့်ကာအကွယ်ကနေ အောက်ဖက်ရေချိုးခန်းဆီကို ချောင်းကြည့်ရင်း ပြန်ထွက်လာမည့် ဟိုလူကြီးကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်စားနေခဲ့မိသည်။

ထိုနေ့က ကိုလေးပြန်ထွက်လာတဲ့အထိ သူခိုးကြည့်ရင်း ဒီအိမ်မှာနေဖို့ သိပ်မကျန်တော့တဲ့ ရက်ကိုတွက်ကြည့်ရင်း ရင်မောစွာသက်ပြင်းချလိုက်မိသည် ။ ကံကောင်းတာတစ်ခုက အန်ကယ်ထွန်းတို့ရေချိုးခန်း ရေပန်းက ပျက်နေတာမလို့ ရက်ပိုင်းလောက်တော့ ကိုလေးသည် နောက်ဖေးရေချိုးခန်းကို ပြန်လည်အသုံးပြုခဲ့လေသည် ။

*********************

" သား........ သားလေးလား ။ ခုပြောနေတာ ဖေ့သားလေး ဝေဟင်ကိုလား ''

ရင်းနှီးတယ်လို့မခံစားရတဲ့ ဖုန်းထဲက တစ်ဖက်လူ၏အသံကို ဝေဟင်သေချာနားထောင်နေပေမယ့် ချက်ချင်းပြန်မဖြေသေး ။ လက်ထဲက ရေခဲရေဘူးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ရေခဲသေတ္တာနားမှာ ရပ်နေတုန်း ။

" ဟုတ်ပါတယ်... ကျွန်တော်က ဝေဟင်ပါ ။ ခင်ဗျား ဆယ်နှစ်ကြာအောင် စွန့်ပစ်ထားတဲ့ သားအရင်းပါ ''

" တောင်းပန်ပါတယ်..... ဖေဖေမင်းအပေါ် တာဝန်မကျေခဲ့မိတာ ။ ဖေဖေ့ကို ခွင့်လွှတ်ပေးပါနော် ''

" ကျွန်တော် စာမေးပွဲဖြေထားတယ် ။ ဒါကြောင့် လပိုင်းအတွင်း ဂျပန်ကိုလာချင်တယ် ။ ဟိုရောက်ရင် အစပိုင်းတွေမှာ ကျွန်တော့်ကို ကူညီပေးပါ ။ ဒါဆိုရင် ခင်ဗျားကို ကျွန်တော်ခွင့်လွှတ်ပေးမယ် "

ဝေဟင်သည် တစ်ဖက်မှဖြေကြားသံကိုနားထောင်ပြီးနောက် မဲ့ပြုံးတစ်ချက်ပြုံးကာ ဖုန်းကိုချလိုက်သည် ။ လွန်ခဲ့သည့်နှစ်တွေထဲက သူ ဂျပန်စာကိုဆက်တိုက်လေ့လာခဲ့ပြီးနောက် ယခုနောက်ဆုံးကျင်းပခဲ့သည့် JLPT စာမေးပွဲကို ဖြေဆိုထားပြီးသားမလို့ သူ့အနေနဲ့က ရေကန်အသင့်ကြာအသင့်ပင် ။ ဒါကြောင့် မနက်ဖြန်စပြီး ကျောင်းတက်ဖို့ကိစ္စတွေကို စတင်ပြင်ဆင်ရတော့မည် ။

 ကိုလေး (ကိုလေး  )(Z+U) ( Completed ) Where stories live. Discover now