628 41 0
                                    

ပြီးပြည့်စုံသောချစ်ခြင်း

အပိုင်း(၅)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ငါကချောလွန်းတယ်လေပြီးတော့နင့်ကိုအရေးပေးလွန်းနေတော့မနာလိုတဲ့လူများတာပေါ့"

လီဝမ်ကျင်းကြားပြီးသွေးပါအန်ချင်သွားသည်သူ့ရုပ်ကများဆိုပြီးတွေးလိုက်မိသည်

လီဝမ်ကျင်းတိုးတိုးလေးကပ်ပြောလိုက်သည်

"ကောင်စုတ် နင်ငယ်ငယ်တုန်းကအတိုင်းပဲ
ဘဝင်မြင့်ရောဂါအခုထိမပျောက်သေးဘူး"

ယွမ်ကျန်းရင်ကရယ်လိုက်ရင်း

"သွားထိုင်ရအောင်
ငါညောင်းနေပြီး"

"အေးပါဟာ"

လီဝမ်ကျင်းကသူ့နေရာသူထိုင်လိုက်ရင်းသတိထားကြည့်မိတော့သူဝဲဘက်မှာကယွမ်ကျန်းရင်ညာဘက်မှာတစ်နေရာလွတ်နေသည်

လီဝမ်ကျင်းစိတ်ထဲတွင်ရေရွတ်မိလိုက်သည်

*ကောင်စုတ်ယွမ်ကျန်းရင်နဲ့တစ်ခုံတည်းပဲ*

နောက်တော့သူမဆက်တွေးလိုက်သည်

ဘေးနားကတစ်ယောက်ကဘယ်သူပါလိမ့်

ယွမ်ကျန်းရင်ကိုလှည့်ပြီးမေးလိုက်သည်

"ဘေးနားကတစ်ယောက်ကဘယ်သူလဲ"

ယွမ်ကျန်းရင်ကမျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်

"နင့်ညာဘက်ကလား"

လီဝမ်ကျင်းကခေါင်းညိတ်လိုက်ရင်း

"အင်"

ယွမ်ကျန်းရင်ကခနတာအေးစက်သွားရင်း

"နင့်ညာဘက်ကတစ်ယောက်ကချင်မို့ဟန်ပဲ!!!!!!!"

ချင်မို့ဟန်လို့ပြောသွားတဲ့နေရာတွင်အံကြိတ်ပြီးပြောသွားသည်မှာသိသာလွန်းလှသည်

လီဝမ်ကျင်းကနားလည်လိုက်ဟန်နှင့်စကားနှိုက်လိုက်သည်

"နင်နဲ့ရန်ဘက်လား"

ယွမ်ကျန်းရင်ကပြုံးရင်း

"ဒီလိုပါပဲ
ဒါနဲ့ငါ့အတွက်စိတ်ပူပေးတာတော့မဟုတ်လောက်ပါဘူးနော်"

လီဝမ်ကျင်းကစွေကြည့်လိုက်ရင်း

"အဟွတ်အဟွတ်သီးတောင်သီးတယ်"

ယွမ်ကျန်းရင်ကလီဝမ်ကျင်းရဲ့ကျောကုန်းကိုပွတ်ပေးလိုက်ရင်း

"ဖြည်းဖြည်းလုပ်ပါဟ
တော်ကြာနင်သေသွားမှ
အန်ကယ်လီငါ့ကိုလာရိုက်နေဦးမယ်"

လီဝမ်ကျင်းကရီမောလိုက်ရင်း

"ငါမသေပါဘူးဟယ်"

ထိုစဉ်

ကျောင်းတံခါးကြီးကပွင့်သွားသည်

ကျောင်းသားအားလုံးကပြတင်းပေါက်ကနေချောင်းနေကြသည်

ကားတစ်စီးဝင်လာပြီးထိုပေါ်မှလူတစ်ယောက်ဆင်းလာသည်

သူ့ဘေးနားတွင်ဘော်ဒီဂတ်တွေဖြင့်ဝန်းရံထားသည်

မီဒီယာတွေကတိုးဝှေ့နေကြသည်

သေချာကြည့်တော့မှဖြင့်

ထိုလူ၏အလှကစွဲမက်စရာကောင်းလွန်းလှသည်

မိန်းမဆန်သည်လားဆိုတော့မဆန်

တည်ကြည်ပြီးခန့်ညားသည်

လှပျိုဖြူလေးများ၏အသည်းစွဲ

ဆံပင်အားလန်တင်ထားပြီး

လက်ကိုဘောင်းဘီအိတ်ထဲထည့်ထားကာ

ရပ်ကြည့်နေသည်

အေးစက်စက်အငွေ့အသက်အရှိန်အဝါတွေကလည်းထိုလူဆီမှပျံ့ဝဲလာသည်

ဘက်စုံတော်သောထိုလူငယ်

မည်သူကထင်ပါလိမ့်မည်နည်း

ထိုလူငယ်ကားစီးပွားရေးကျွမ်းကျင်သောဥက္ကဌတစ်ယောက်ဟူ၍

ထိုလူငယ်သည်ကား..............

#သဲ

ပြီးပြည့်စုံသောချစ်ခြင်းWhere stories live. Discover now