အပိုင်း(၁)

3.6K 55 1
                                    

ပြီးပြည့်စုံသောချစ်ခြင်း

အပိုင်း(၁)

  <~~~~~~~~~~~~~>

နေရောင်ခြည်လေးကအရောင်ဖြဖြနဲ့ကျရောက်နေတယ်

လေညှင်းလေးတွေကလည်းဖြည်းညင်းစွာတိုက်ခတ်နေတယ်

ရေလှိုင်းလေးတွေကလည်းတစ်လိပ်လိပ်နဲ့ရိုက်ခတ်နေတယ်

ဒီလိုလှပပြီးသာယာတဲ့နေရာလေးမှာကောင်မလေးတစ်ယောက်ရပ်လို့နေတယ်

သူမမျက်နှာအားmaskပန်းရောင်လေးအုပ်ထားတယ်

နက်မှောင်လှတဲ့သူမရဲ့ဆံကေသာအားထုံးချည်ထားတယ်

ဖြူစင်လှပတဲ့ဂါဝန်အဖြူရောင်လေးအားဝတ်ရင်းသူမဘာကိုတွေးနေလဲတော့မသိ

    သူမအားလူတစ်ယောက်တိတ်တခိုးကြည့်နေသည်

     ဖြူဖွေးပြီးကြည်လင်လှသောသူမ၏အသားအရေ

     ဝိုင်းစက်ပြီးတလက်လက်တောက်ပနေသော

သူမ၏မျက်လုံးနှစ်စုံတွေကလူတွေအားလုံးထဲမှာသူမအားထင်ပေါ်စေသည်

သူမဖြည်းညင်းစွာအနောက်အားလှည့်ကြည့်လိုက်သည်

သူမအားချောင်းကြည့်နေသောသူအားချိုသာသောအသံဖြင့်ချွဲနွဲ့စွာခေါ်လိုက်သည်

"အစ်ကို"

   ထိုလူကရုပ်ဆိုးလားဆိုတော့လည်းမဆိုးလှပါဘူး

ထိုမိန်းကလေးရဲ့အစ်ကိုဆိုတော့လည်းခန့်ညားတဲ့ရုပ်သွင်နဲ့ဆံပင်ကခဲရောင် အနောက်တိုင်းဝတ်စုံနဲ့နေကာမျက်မှန်တပ်ထားသောသူတန်းကြည့်လိုက်ရုံဖြင့်သူဌေးသားဆိုသည်မှာသိသာလှသည်

သူဌေးသားမဟုတ်ရင်တောင် ကုမ္ပဏီရဲ့အရေးကြီးပိုင်းကရာထူးဆိုတာသိသာလွန်းတယ်

ထိုလူကသူ့ရဲ့ညီမဖြစ်သူ၏ခေါင်းကိုအသာအယာပုတ်လိုက်ရင်း

"သွားသင့်ပြီးထင်တယ်
အားကျင်း"

      ထိုကောင်မလေးကmaskကိုဖြုတ်လိုက်တော့

သူမ၏လှပသောမျက်နှာလေးပေါ်ပေါက်လာသည်

သူမက puppy eyesလို့ပြောရအောင်ဝိုင်းစက်တဲ့မျက်လုံးလေးတွေနဲ့ကြည့်လိုက်ရင်းချွဲနွဲ့စွာသူမ၏အကိုလက်ကိုကိုင်လှုပ်ရင်း

ပြီးပြည့်စုံသောချစ်ခြင်းWhere stories live. Discover now