- O N E -

157 18 0
                                    

ခပ်ဝေးဝေးမှာတောက်ပနေတဲ့ အကိုဟာ
ညီမအတွက် မဟုတ်မှန်း အသိဝင်တဲ့အခါတိုင်း
ပြိုလဲရတာအခါခါ ။

ညတွေက မှောင်ပါတယ် အကို ။
အကို့အပြုံးမပါပဲ ကျော်ဖြတ်ရတဲ့
ညတွေကတော့ ပိုမှောင်တယ် ။

ကျေးဇူးပြုပြီး ပြုံးနေပေးပါ အကို ။
ညီမတို့လို အညတရ ကောင်မလေးအချို့
ဒီကမ္ဘာပေါ်မှာ ဆက်အသက်ရှင်နေဖို့
အကိုက ခိုင်လုံတဲ့ အကြောင်းအရင်းတစ်ခု။

ချစ်တယ်ဆိုတဲ့စကားကို ဟစ်အော်မယ် ။
အကိုက မသိကျေးကျွန်ပြုချင်ပြုမယ် ။
ဒါမှမဟုတ် ကံကြမ္မာက အကိုမကြားအောင်
တမင်ဖန်ဆင်းယူမယ် ။

ဒါပေမယ့်လည်း အမှတ်မရှိတဲ့ ညီမဟာ
ဆက်ရူးနေတုန်းပါပဲ ။

အချစ်ဆိုတာ ဘာလဲ အကို ။
ညီမကတော့ ပိုင်ဆိုင်ရယူခြင်းမဟုတ်တဲ့
ငေးကြည့်ရုံနဲ့ ပျော်ရွှင်ကျေနပ်ခြင်း လို့
အဓိပ္ပာယ်ဖွင့်ဆိုချင်တယ် ။

ခူးယူဖို့ အလှမ်းဝေးလွန်းတဲ့ သစ်ပင်မြင့်ပေါ်က
ပန်းပွင့်လေးလိုပေါ့ ။

ဘယ်တော့မှ မညှိုးနွမ်းဖို့ ၊ ကြွေမကျဖို့
ညီမ ဆုတောင်းမယ် ။

ပန်းပွင့်လေးသာ လှလှပပပွင့်ဖူးနေရင်
ပျော်ရွှင်တယ် ။

ဒါပါပဲ အကို ။

အချစ် ဆိုတာ ပိုင်ဆိုင်ခွင့်ရှိမှဆိုပြီး အဓိပ္ပာယ်မသက်ရောက်ပါဘူး ။

ညီမတို့ ကိုယ်တိုင် ပိုင်ဆိုင်ခွင့်မရှိရင်တောင်
ငေးကြည့်ရင်းနဲ့ ပျော်နေတတ်ကြတာ ။

ရိုးရှင်းပါတယ် အကိုရဲ့ ။

အချစ်ကို ညီမတို့ ဒီလိုပဲ ကိုးကွယ်ကြပါတယ် ။ ။

_ 19.5.2019 _

BiBirella °°

❣ D E F I N I T I O N ❣Where stories live. Discover now